Friday, July 26, 2013

ရန်ကုန်မြို့ မြို့တော်ခန်းမှရှေ့တွင် ဆန္ဒထုတ်ဖော်မှု နောက်ဆက်တွဲသတင်း.

Photo

 မနေ့နံနက် ၁၁ နာရီကျော်က ရန်ကုန်မြို့ မြို့တော်ခန်းမှရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့သော လူ ၃၅၀   ကျော်အနက် ဆန္ဒပြခေါင်းဆောင် ဦးစိန်သန်း ၊ အမှတ် ( ၅၆ ) ရပ်ကွက် ၊ ဒဂုံတောင်ပိုင်းနေ သူအား ကျောက်တံတားရဲစခန်းမှ ဖမ်းဆီပီး ပုဒ်မ ( ၁၈ ) ဖြင့် အမှုဖွင့်ခဲ့ပါတယ် ဒီကိစ္စနဲ့ပတ်သက်ပြီး   အမှုဖွင့်ခံရသူ ဦးစိန်သန်းက ကျွန်တော်ကို နောက်ထပ်ဆန္ဒမပြပါဘူးဆိုပီး ခံဝန်ကတိထိုးခိုင်းတယ်

ကျွန်တော်လုံးဝလက်မှတ်မထိုးနိုင်ဘူး မတရားအသိမ်းခံထားရတဲ့ ကျွန်တော်တို့အကိုးကွယ်ခံ
 ကျောင်းကန်ဘုရား သိမ်ဇရပ်များ၊ ကျွန်တော်တို့ ဘိုးဘွားပိုင်မြေများနဲ့ ပတ်သက်ပြီး တရားဝင်ထုတ်ဖော်ပြောဆိုဆွေးနွေးမှု တစ်စုံတစ်ရာ မလုပ်မချင်း ခွင့်ပြုချက်ရသည်ဖြစ်စေ                     မရသည်ဖြစ်စေ ဆက်လက် ဆန္ဒထုတ်ဖော်မှာလို့ ပြောလိုက်ပါတယ်..

ဒါနဲ့ ကျွန်တော့်ကို ပုဒ်မ ( ၁၈ ) နဲ့ အမှုဖွင့်ပါတယ် ပုဒ်မှ ၁၈ နဲ့ အမှုဖွင့်တာမဆန်းပါဘူး...
အဲဒီပုဒ်မက ကုန်ဈေးနှုံးကျဆင်းရေးအဖွဲ့ ခေါင်းဆောင် ကိုထင်ကျော်ပြောသလို တက်ကြွလှုပ်ရှားသူတွေကို လိုသလို အရေးယူလို့ရအောင် ထုတ်ထားတာဖြစ်ပါတယ်။

ကျွန်တော်ဆိုရင် အဲဒီပုဒ်မနဲ့ အရေးယူလို့ မှုဆိုင်နေရတာ ၃ မှုရှိပြီ သင်္ဃန်းကျွန်းရဲစခန်းတ တစ်မှု ။
ကျောက်တံတားရဲစခန်းတ တစ်မှု ။ဒီနေ့ ကျောက်တံတားရဲစခန်းက ဒီပုစ်မနဲ့ထပ်ပီး အရေးယူတယ် ဆိုတော့ ရင်ဆိုင်ရမဲ့ အမှု ၃မှုရှိပီပေါ့...

ကျွန်တော်တို့က လူစုလူဝေးနဲ့ မဟုတ်မတရားတောင်းဆိုနေတာမဟုတ်ပါး...ပြည်သူတွေကြားမှာ ရုတ်ရုတ်သဲသဲ ဖြစ်အောင် လှုံ့စော်နေတာလည်း မဟုတ်ပါဘူး...ကိုယ်အခွင့်အရေးအတွက် ပြည်သူ          လူထု အနှောက်ယှက်မဖြစ်အောင် စည်းကမ်းရှိရှိ တောင်းဆိုကြတာပါ..ဥပဒေနှင့်အညီ တရားဝင်ခွင့်ပြုချက်လည်း တင်ပါတယ်. ( ၄၈ ) နာရီအတွင်း အကြောင်းတစ်စုံတရာ မပြန်ကြားလို ဆန္ဒထုတ်ဖော်ကြတာပါ။

ကျွန်တော်တို့က တကယ်နစ်နာခဲ့တဲ့သူတွေပါ....ဒီနေရာမှာ ကျွန်တော်တို့ဘိုးဘွားတွေနဲ့ ကျွန်တော်တို့တစ်တွေ ရဟန်းခံခဲ့တဲ့ ရတနာဃရစိန်ပန်းသိမ်ကိုတောင် မတရားဖျက်ဆီးခဲ့တာပါ..
၁၉၉၁ခုနှစ် တပ်က အဲနေရာကနေ မောင်းထုတ်ခံခဲ့ရပီးကထဲက ဆရာတော်သံဃာတော်တွေလည်း အသက်ကြီးမှ တောထဲရောက်ပီး ဒုက္ခအလီလီပွေခဲ့ရပါတယ် ကျွန်တော်တို့တစ်တွေ ဒုက္ခမျိုးစုံခံစားရပြီး လူစဉ်မမီတဲ့ ဘ၀ကိုရောက်ခဲ့ရတာ အခုထိပါပဲ။

ကျွန်တော်တို့ရဲ့ နစ်နာဆုံးရှုံးမှုအတွက် တရားဝင်ဆွေးနွေးညှိနှိုင်းမှု မပြုမချင်း ကျွန်တော်တို့ မိကျောင်းကန်ပြည်သူတွေက ဆက်လက် တိုက်ပွဲဝင်သွားမှာပါဟု ထုတ်ဖော်ပြောဆိုပါတယ်။