skip to main |
skip to sidebar
မြ၀တီိမြို့တွင် ယခင်နှစ်ကထက်ပင်ရေကြီးရေလျှံမှုပိုမိုဖြစ်ပေါ်ခဲ့၍ ဒုက္ခရောက်မှုများလည်းပိုမိုရှိခဲ့ကြပါသည်။ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် သောင်းရင်းမြစ်ရေလျှံမှုသည် မြစ်ကမ်းဘေးတွင်နေ
ထိုက်ကြသောပြည်သူများအတွက် အခက်အခဲတွေဖြစ်ပေါ်စေခဲ့ပါသည်။မထင်မှတ်ပဲ သောင်းရင်းမြစ်
ရေ တရိပ်ရိပ်မြင့်တက်လာမှုကြောင့် အချို့သောပြည်သူများသည် ပစ္စည်းများမျောပါခြင်း၊ အိမ်မွေးတိရိစ္ဆာန်များမျောပါခြင်း၊ အိမ်များအလုံးလိုက်မျောပါခြင်းများပင်ရှိခဲ့ကြပါသည်။ ဒုက္ခသည်စခန်းများကို ကုန်းမြေမြင့်သော ဘုန်းကြီးကျောင်းများတွင်ထားရှိ၍ မြ၀တီမြို့ရှိ ပရဟိတလူမှုကူညီရေးအသင်းများနှင့် အဖွဲ့ချုပ်အပါဝင် နိုင်ငံရေးပါတီများမှ မိမိတို့တတ်နိုင်
သလောက်စုပေါင်း၍ အစားအစာများ၊ အ၀တ်အထည်များ၊ ရေသန့်များ၊ ဆေးဝါးများကို လှူဒါန်းခဲ့ကြပါသည်။ ရေကြီးများဆက်လက်တည်ရှိနေသေးလျှင် ရေဘေးသင့်ပြည်သူများအတွက် လိုအပ်ချက်များရှိနေသေးဖြင့် မိမိကိုယ်တိုင်လာရောက်မလှူနိုင်လျှင် ကယ်ဆယ်ရေစခန်များ၊ ပရဟိတအသင်းများထံ ဆက်သွယ်၍လှူဒါန်းနိုင်ပါသည်။
myawaddy nld(28.7.13).