နှစ်ပေါင်းများစွာ ဖိနှိပ် ၊ ရက်စက်၊ လူထု အတွက်မစဉ်းစားပဲ လူတစု အတွက်သာ ထင်ရာ
လုပ်ခဲ့သော သမိုင်းများကို မော်ကျွန်းမြို့ လူထုက ရင်ဖွင့်သည်။ သူတို့ ပြည်သူ လူထု အတွက်
ပြည်သူ့ အသံ ပြည်သူ့ နစ်နာချက်ကို အလေးထားပြီး နားထောင်ပေးသည့် အုပ်ချုပ်ရေး
အဖွဲ့အစည်း မရှိပါကြောင်း။ လယ်မြေ ပိုင်ဆိုင်ခြင်း အငြင်းပွားသည့် ပြသနာများတွင်လည်း
ငွေများသည့် ဘက် ကိုသာ တရားရုံးများ၊ ရဲဌာနများက အနိုင်ပေး လာဘ်ငွေယူ အကျင့်ပျက် ခြစားနေကြကြောင်း။ လူထု အတွက် အမှန်တကယ် အရှိ အမှန် မတရား အသိမ်းခံ
ခဲ့ရသည့် လယ်မြေများ နှင့် ပတ်သက်ပြိး ထိရောက်စွာ ဖြေရှင်းပေးစေလိုပါကြောင်း ကျနော့်
အား ၀ိုင်းဝန်း ပန်ကြားတောင်းဆိုကြသည်။
ကျနော်ကလည်း မိမိတွင် မည်သည့် တာဝန် လုပ်ပိုင်ခွင့်မှ မရှိပါကြောင်း ကိုယ်ချင်းစာ စိတ်သက်သက်ဖြင့်သာ လူထု နစ်နာဆုံးရှုံးနေသော အချက်များကို မှတ်တမ်းပြုစု လာရောက် နားထောင်ပြီး။ သက်ဆိုင်ရာ မြေယာစီမံခန့်ခွဲရေး ကော်မီတီများဆီသို့ ယခု ပြည်သူလူထုပေး အပ်လိုက်သော တိုင်ကြားစာများကို ထပ်ဆင့် ပေးပို့သွားမည်ဖြစ်ပါကြောင်
ရခြင်း ရည်ရွယ်ချက်မှာ တာဝန်သိသော ပြည်သူ တဦး အနေနှင့် မော်ကျွန်းဒေသတွင်းမှ
အုပ်ချုပ်ရေး အဖွဲ့အစည်းများ ၏ ပြည်သူအပေါ် ပြုကျင့် အုပ်ချုပ်ခြင်း အခြေအနေများကို လာရောက် လေ့လာခြင်းသာဖြစ်ပါကြောင်း ပြန်ကြားခဲ့ရပါသည်။
နေမျိုးဇင်

