Monday, July 29, 2013

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက်
ပြည်သူတွေနှိုးကြားကြဖို့  ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


“အဲဒီတော့ ၂၀၁၅ မတိုင်ခင် ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်လို့ရှိရင် NLD က ဘာလုပ်မလဲဆိုတဲ့ ကိစ္စပါ။ အမြဲတမ်း ပြောဖူးပါတယ်။ ကျွန်မက တံခါးပိတ်ထားတဲ့ နိုင်ငံတွေကို အယုံအကြည် မရှိဘူး။ တံခါးဖွင့်ထားတဲ့ နိုင်ငံတွေကိုပဲ အယုံအကြည် ရှိတယ်။ ဒါကြောင့်မို့လို့ အခုကနေစပြီးတော့ ဟိုဟာဆို မလုပ်ဘူး။ ဒီဟာဆို မလုပ်ဘူးလို့ဆိုတဲ့ဟာမျိုး ကျွန်မတို့ မပြောပါဘူး။ ကျွန်မတို့က တံခါးတွေအားလုံး ဖွင့်ထားပါတယ်။ ဘာပဲပြောပြော ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ပိတ်ထားတဲ့ အလုပ်        တွေ မလုပ်ဘူး။ နောက်ဆုံးတိုင်တံခါးတွေ အားလုံးဖွင့်ထားတယ်။ အကောင်းဆုံး လမ်းကိုပဲ နိုင်ငံရဲ့အကျိုးကို ရှေးရှုပြီးတော့ လျှောက်လှမ်းသွားမယ်လို့ ပြောချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့ပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး မျှော်လင့်ချက်ရှိပြီး ပြည်သူလူထုက လိုလားကာ တရားမျှတသည့် ကိစ္စကို အားလုံးမှဝိုင်းပြီး တတ်နိုင်သောဘက်မှ ဖော်ဆောင်ပေးမည် ဟု မျှော်လင့်ထားကြောင်း၊ သို့သော်ထိုင်၍ မျှော်လင့်နေရုံမျှ မဟုတ်ဘဲ အကောင်အထည် ပေါ်နိုင်စေ     ရန် ကြိုးစားရမည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

ELEVEN