Monday, July 29, 2013
သမိုင်းဝင် ၈ လေးလုံးအရေးတော်ပုံ ၂၅ နှစ်မြောက်ငွေရတု
အထိမ်းအမှတ် ပြည်သူများမမေ့ကြဖို့  နှိုးဆော်
၂ဝ၁၃ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့သည်မြန်မာနိုင်တွင် တစ်ပါတီအာဏာရှင်စနစ်အား လူထု   လူတန်းစား အလွှာပေါင်းစုံ ပါဝင်သော ပြည်သူလူထုကြီးတရပ်လုံး စုစည်းညီညွတ်သောအင်အားဖြင့်
(၈) လေးလုံးအရေးတော်ပုံကြီးအတွင်း ဒီမိုကရေစီတိုက်ပွဲတွင် ရဟန်းရှင်လူကျောင်းသား ပြည်သူ  အပေါင်းတို့  အာဏာရှင်အဆက်ဆက်အား လှည်းနေလှေအောင်မြင်းစောင်းမကျန် အမြို့ မြို့  အနယ်နယ်တွင်  တော်လှန်ခဲ့သောကြောင့် သမိုင်းဝင်ရှစ်လေးလုံးအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ရ
သည်။
စစ်တပ်မှ အာဏာသိမ်းယူခဲ့ပြီး ပြည်သူအား စစ်တပ်မှကတိပြုခဲ့သောလည်း ၁၉၉၀ ခုနှစ်တွင်
 အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ၈၂ %   ကျော်ဖြင့် အနိုင်ရခဲ့သော်လည်း အာဏာလွှဲပြောင်းပေးခြင်း
မရှိခဲ့သောကြောင့် ယနေ့ အချိန်အထိ   တော်လှန်ရေးကြီးကြာရှည်ခဲ့ရာ တိုင်းသူပြည်သားလူအများ
တို့  မတရားသော ဥပဒေတွေနဲ့  အသက်စတေးခံရ ဘ၀တွေပျက်ဆီးခံခဲ့ရပြီး ဒုက္ခပင်လယ်ကြီးထဲမှ ရုံးထွက်၍မရနိုင်သေးပေ၊အာဏာရှင်တို့ အသွင်ပြောင်းကာ လက်ဆင့်ကမ်းသယ်ဆောင်လာကာ
 နှစ်ပေါင်း ၅၀ကျော် ပြည်တွင်းစစ်မီးတောက်လောင်ခဲ့ပြီး ယနေ့ အချိန်အထိထာဝရ   ပြည်တွင်းငြိမ်းချမ်းရေး မရရှိနိုင်သေးပေ။
ထိုအတူနဝတ၊ နအဖတို့ မတရားဖိနှိပ်ကန့် သတ်မှုများအတွင်းမှ မိမိတို့ ယုံကြည်ချက်ဖြစ်သော
 သာဇွဲလုံးလဖြင့် အကျပ်အတည်းပေါင်းစုံကို ရင်ဆိုင်ကျော်လွှားပြီး တိုက်ပွဲဝင်လျက်ရှိကြသော
 ရဟန်းရှင်လူကျောင်းသားပြည်သူအပေါင်းတို့ နှင့် ကျဆုံးခဲ့ရသော ရဲဘော် ရဲမေများအား ဦးညွတ်
ဂါရ၀ထား ဂုဏ်ပြုအပ်ပါသည်။
အာဏာရှင်မှ အသွင်ပြောင်းကာ အုပ်ချုပ်နေသော ဦးသိန်းစိန်အစိုးရသည် ဒီမိုကရေစီပြုပြင်ပြောင်းလဲ
ရေးလမ်းကြောင်းသို့ ရောက်လာရာဝယ် အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ  အပေါင်းတို့ မှ နှစ်ပေါင်း ၂၀ ကျော် ဆန့် ကျင့်ကာ ပြောင်းလဲမှုမတွေ့ ရှိရသောကြောင့် ထိတွေ့ ဆက်ဆံ
ရေးလမ်းကြောင်းဖြင့်ပြောင်းကာ ပါတီတရားဝင်ရပ်တည်နိုင်ရေးအတွက် ကြိုးစားခဲ့ပြီး၊ နိုင်ငံရေးအကျင်း
သား ခေါင်းဆောင်များလွတ်မြောက်လာခဲ့သည်။ကမ္ဘာ့ခေါင်းဆောင်များနှင့် ဆက်သွယ်၍ ပြည်ထောင်စု
မြန်မာနိုင်ငံထူထောင်နိုင်ရန် စစ်မှန်သောဒီမိုကရေစီလမ်းကြောင်းပေါ်သို့  ရောက်ရှိအောင် ကြိုးပမ်းခဲ့
ရာ ဒီမိုကရေစီ၏ အခြေခံဖြစ်သော တရားရေးမဏ္ဍိုင်၊အုပ်ချုပ်ရေးမဏ္ဍိုင်၊တရားစီရင်ရေးမဏ္ဍိုင် တို့ ကို
ထိမ်းကြောင်းတည့်မတ်ပေးရန် ပြည်သူများတွင်လည်းတာဝန်ရှိသည်။ဒီမိုကရေစီဆိုသည်မှာ အာဏာ သည် ပြည်သူ့ ထံမှ ဆင်းသက်ရမည်။ယနေ့ အချိန်အထိ ပြောင်းလဲမှုမရှိသေးဘဲ ပြည်သူအများ ဆင်း
ရဲဒုက္ခရောက်နေရပြီး တိုင်းပြည်ဖွင့်ဖြိုးတိုးတက်မှုမရှိရသည့် တရားခံသည် အာဏာရှင်များ သက်ဆိုး
ရှည် အုပ်ချုပ်နေသောကြောင့်ဖြစ်သည်။အာဏာရှင်ကို ပြည်သူ့ အင်အားဖြင့်ဖြုတ်ချနိုင်မှ တိုင်းပြည်
၏ အပြောင်းအလဲကို တွေ့ မြင်နိုင်မည်ဖြစ်သည်။
၈ လေးလုံးအရေးတော်ပုံမှ အာဏာရှင်စနစ်ဖြုတ်ချရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊အမျိုးသားပြန်လည်
သင့်မြတ်ရေး၊လူ့ အခွင့်အရေး၊   စစ်မှန်သောဒီမိုကရေစီရရှိရေးတို့ အတွက် အမျိုးသားရေးစိတ်ဓါတ်
ဖြင့် တိုက်ပွဲဝင်ခဲ့ ကြသောရဟန်းရှင်လူ ကျောင်းသား ပြည်သူအပေါင်းတို့ ၏ အသက်ပေါင်းများစွာကို
 ပေးဆပ်ခဲ့ရသောနေ့ တနေ့  ဖြစ်သောကြောင့် ပြည်သူလူထုတရပ်လုံးမှ မေ့မထားအပ်သော   နေ့ တနေ့ ဖြစ်သည်။ယနေ့ ရောက်ရှိနေသော ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလမ်းကြောင်းသည် ဒီမိုကရေစီရရှိရေးကြိုးပမ်းခဲ့သော သမိုင်းဝင် ၈ လေးလုံးနေ့ ကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်ပေသည်။
နိုင်ငံနှင့်ပြည်သူများမှ အမြို့ မြို့ အနယ်နယ်၌ ၂၅ နှစ်မြောက် ငွေရတုတွင် ဆွမ်းကပ်ခြင်း၊ဟောပြော
ခြင်း အောင်မေ့ဘွယ်အခမ်းအနားများဖြင့် ဂုဏ်ပြု သင့်ပေသည်။