အရည်အချင်းရှိတဲ့ အရပ်သားတစ်ယောက် ယခုသမ္မတ မဖြစ်နိုင်ဘူး ဆိုတာဟာ
ဘယ်တော့မှ မဖြစ်နိုင်ဘူး လို့ပြောတာနဲ့ အတူတူဘဲ။
အမေစုရှိနေတဲ့ အချိန်မှာမှ ကျနော်တို့ တက်ညီလက်ညီ မကြိုးစားကြဘူး ဆိုရင်
နောင်မှာ အမေစုလိုလူမျိုး ရဖို့ မဖြစ်နိုင်တော့ပါဘူး။
ဆိုလိုတာက နောင်အနာဂတ်မှာ စစ်ဖိနပ်အောက်မှာဘဲ နေကြရမယ်။
စစ်ဗိုလ်ချုပ်တွေရဲ့ သားတွေက နားရင်းတီးတာတွေ ခံရမယ် ဆိုတာမျိုးတွေ
မျှော်လင့်သာ ထားကြပေတော့။
အာဏာရှင်စနစ်ဆိုတာ အထိန်းအကွတ် ရှိတာမဟုတ်ဘူး
နောင်ဆိုရင် သူတို့ကြိုက်တဲ့မိန်းကလေးကို တွေ့ရင် အပျို အအိုမရှေင်ဘဲ
လာ လိုက်ခဲ့ မလိုက်ရင် ပါးနားတွေ ရိုက်ပြီးခေါ်တာမျိုးတွေ ဖြစ်လာမှာ မလွဲပါ
အမေစုကို မကြိုက်ရင် အချိန်မရွေး ဖြုတ်ချနိုင်ပါတယ် အဲဒီလိုအစိုးရမျိုးတွေ

အုပ်ချုပ်ခွင့်ရအောင် အမေစုကလုပ်ပေးမှာမကောင်းတဲ့အစိုးရ တစ်ခု အကြာကြီး မအုပ်ချုပ်
နိုင်အောင် အမေစုက လုပ်ပေးသွားမှာ
ဒါနောက်ဆုံးပွဲဘဲ ဒီတစ်ခါမနိုင်ရင် တစ်သံသရာလုံးခံပေတော့။

ဒီပွဲအောင်မြင်ပြီးရင် အနာဂတ်မှာ မတရားတဲ့ ခေါင်းဆောင်တစ်ယောက် မတော်တဆ

အရွေးမှားပြီးတက်လာခဲ့သည်ရှိသော် လူထုအာဏာနှင့် ဖြုတ်ချနိုင်တော့မည်။
စစ်အာဏာရှင်လို နှစ်ပေါင်း ၅၀ ကျော် အုပ်ချုပ်ခွင့်ရှိမည် မဟုတ်တော့ပေ
ဒေါက်တာ အောင်ခင်