Green Asia ကုမ္ပဏီက လယ်သမားတွေကို ရဲစခန်းမှာ အမှုဖွင့်တော့(ပ)နံပါတ်(၃၁)နဲ့ ကျူးကျော်မှု ဖွင့်ပေးပါတယ်။ လယ်သမားတွေကသူတို့လက်ရောက်မြေအတွက် အမှုဖွင့်တော့ ရဲက အမှုမဖွင့်ပေး ပါဘူး။ ဒီအတွက်တရားရုံးမှာ ဦးတိုက်လျှောက်ထားတရားစွဲဆိုဖို့ စီစဉ်ရတာဖြစ်ပါတယ်။
လယ်သမား(၂၈)ဦးက Green Asia ကုမ္ပဏီနဲ့အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင်ဖြစ်သူတွေ ကို ကျူးကျော်မှု၊အကျိုးဖျက်ဆီးမှုတွေနဲ့ တရားစွဲဆိုဖို့ စီစဉ်နေတာဖြစ်ပါတယ်။
ကျွန်တော်တင်ပြချင်တဲ့ ဥပဒေရှုထောင့်ကတော့ မြေယာအငြင်းပွားမှုကိစ္စတွေမှာဘယ်သူက ပိုင်ရေး ဆိုင်ခွင့်ဖြစ်ထိုက်တယ်ဆိုတာကို သမ္မတရုံးအပါအ၀င် လယ်ဆည်ဝန်ကြီးရုံးရဲ့ လယ်ယာမြေကော် မတီတွေက တရားဝင်ဆုံးဖြတ်ကြေညာတာမျိုးမပြုလုပ်ရဲပါဘူး။ အကြောင်းကတော့ တရားမ၀င်တဲ့ နည်းနဲ့လယ်ယာမြေလုပ်ပိုင်ခွင့်တွေကို လွှဲပြောင်းခဲ့လို့ပဲဖြစ်ပါတယ်။
ဘယ်သူမြေလက်ရောက်ဖြစ်ထိုက်တယ် ဆိုတဲ့အပေါ်မှာ ဥပဒေကြောင်းအရ လက်တလောဆက်လက် အငြင်းပွားနေဦးမှာဖြစ်ပါတယ်။
ကိုဖိုးဖြူ