Wednesday, June 12, 2013

၂၀၁၃ခုနှစ်က ရရှိခဲ့သည့် ပြည်သူ့  ဂုဏ်ရည် (ပထမ)ဆုအား ဇွန်လ(၁၀)ရက်နေ့က တော်ဝင်နှင်းဆီခမ်းမတွင်ပေးအပ်

ပညာရေးကွန်ယက်(အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်)က ပြည်ပရောက်မြန်မာနိုင်ငံသားများစုစည်း တည်ထောင်ထားပြီး မြန်မာပြည်သားချင်းရိုင်းပင်းကူညီသူများကို ပေးအပ်သည့် ၂၀၁၃ခုနှစ် ပြည်သူ့  ဂုဏ်ရည် (ပထမ)ဆုအား ဇွန်လ(၁၀)ရက်နေ့က တော်ဝင်နှင်းဆီ ခမ်းမတွင် လက်ခံရယူခဲ့ပြီး ၂၀၁၃၊  ဇွန်လ ၁၁ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ လွှဲပြောင်းအပ်နှံခဲ့သည်။ ပညာရေးကွန်ယက်မှ အဖွဲ့ချုပ်သို့လွှဲပြောင်းပေးအပ်သော ပြည်သူ့ဂုဏ်ရည် (ပထမ)ဆုအား နာယက ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းတို့မှ လက်ခံရယူခဲ့သည်။ ၂၀၁၂ ခုနှစ် ပြည်သူ့ဂုဏ်ရည် (နှစ်သိမ့်ဆု)ကို ဗဟိုလူမှုအထောက်အကူပြုအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)က ရရှိခဲ့ဖူးပြီး အဖွဲ့ချုပ်ထံသို့ ၂၀၁၂ခုနှစ်က လွှဲပြောင်းပေးခဲ့သည်။