အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၇ နာရီက
တက္ကသိုလ်ရိပ်သာလမလးနေအိမ်မှ ကော့မှူးမြို့နယ်သို့ထွက်ခွာလာရာ
တွံ့တေးမြို့နယ်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦး ခင်ရွှေနှင့်အတူ
မိုးရာသီ သစ်ပင်ဆိုက်ပွဲတော်တွင်
ဒေသခံပြည်သူလူထုနှင့်အတူ စိန်းပန်းပင်များများစိုက်ပျိုးပေးခဲ့ပြီး
သဘာဝပတ်ဝန်းကျင်စိမ်းလန်းရေးနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည် ထို့နောက်
ကော့မှူးမြို့နယ်သိုဆက်လက်ထွက်ခွာလာပြီး ကော့မှူးမြို့နယ်
ပြည်သူ့ဆေးရုံသိုသွားရောက်၍ ဆေးရုံ၏လိုအပ်ချက်နှင့်ပတ်သက်ပြီး
ဆရာဝန်ကြီးများ၊ ဆေးရုံဝန်ထမ်းများ နှင့်တွေ့ဆုံမေးမြန်းပြီး
ဆရာဝန်များဝန်ထမ်းများမှလည်း လိုအပ်တာများကိုတင်ပြဆွေးနွေးခဲ့ကြသည်။
ထိုနောက် ဆေးရုံတွင်းလည့်လည်၍ ဆေးကုမှုခံယူနေသောလူနာများကိုလိုက်၍
ကြည့်ရှုခဲ့ပြီးနောက် ကော့မှူးမြို့နယ် အထက်တန်းကြောင်းတွင်
ဆရာ၊ဆရာမများနှင့်တွေ့ဆွုဆွေးနွေးခဲပြီး နောက် နေ့လည် ၁၂ နာရီခန့်တွင် နေအိမ်သိုပြန်လည်ထွက်ခွာလာခဲ့သည်။
Sunday, June 16, 2013
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်
စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ်သို့ လှည့်လည်ကြည့်ရှု့ 
Posted by
mya thein


