အပိုင်း(၁)
ဆဲချင်သလိုဆဲ
မတတ်နိုင်တော့ပြီ အမှန်ကိုတော့ ရေးတော့မည်။ဗိုလ်သန်းရွှေ
ဗိုလ်မောင်အေးတို့ မဆင်းခင်လေး ရှုပ်ထား ယုတ်ထားသမျှ ကျနော့ဆီ အရောက်ပေးပို့လာကြသော
တပ်မတော် အရာရှိကလေးများကိုတော့ အားနာသည်။ သို့သော် အမှန်တရားအတွက် ကျနော်ဖေါ်ကောင် လုပ်ပေးတော့မည်။
ပြသနာအစက
အမေရိကန် အထက်လွှတ်တော် အမတ် ဂျင်ဝက် မြန်မာပြည်သွားသော ကာလတွင် ဗိုလ်သန်းရွှေနှင့် တရုတ်တို့
ချေခြင်းလိမ်တော့သည်။
ဗိုလ်သန်းရွှေတို့
တပ်မတော်ကအကြွေးအလွန်ထူနေသောကြောင့်ထွက်ပေါက်ရှာရေးမဟာဗျူဟာ
ခင်းခဲ့ကြသည်။ ဂျင်ဝက်၏
ချီးကျူးထောပနာပြုမှုအတွက် အမြတ်ထွက်အောင် ဘဘကြီး ဗိုလ်ရွှေကိုယ်တိုင်တွေ့ဆုံပြီး ရှေးမြန်မာအနာဂတ်အတွက်
အကြေလည်ရှင်းပြပြီး ၂၀၁၀ ရွေးကောက်ပွဲအကြောင်း ဂျင်ဝက်နှင့် နိုင်ငံတကာသို့ လက်ဆောင်ပါးလိုက်သည်။
ရွေးကောက်ပွဲကျင်းပရန်
၂လခွဲတင်းတင်းလောက်လိုသော ၂၀၁၀ ခုနှစ် သြဂုတ်လ ၁၅ ရက်တွင် ဂျင်ဝက်အား ဗိုလ်သန်းရွေက
၂ နာရီကြာမျှတွေ့ဆုံပြီး အသေးစိတ်ချပြကာ ၄င်းလိုချင်သော
အခြေနေအား နားချသည်။ တဖက်မှလဲတရုတ်ပြည်နှင့်
နားလည်မှုရအောင် Lion Share
ဟုခေါ်သော စီမံကိန်းကြီးများဖြင့် မက်လုံးပေးထားသည်။ သို့သော်
နိုင်ငံတကာ ကြွေးမြည်အား
တရုတ်မှ ဆပ်ပေးမည်မဟုတ်သကဲ့သို့ ပိတ်ဆို့မှုများဖြင့် တင်းကြပ်နေသော
မြန်မာ စစ်အစိုးရက ဂျင်ဝက်ဆိုသော အမေရိကန်ဆီးနိတ်အမတ်အား ငါးစာလုပ်ပြီး နိုင်ငံတကာ
ငါးပွက်အိုင်ကြီးထဲသို့ ပစ်ချခဲ့သည်။
ဗိုလ်ချုပ်မှုးကြီး
အရူးကြီးသန်းရွှေနှင့် တွေ့ခဲ့ပြီးသော ဂျင်ဝက်က တက္ကသိုလ်ရိပ်သာလမ်းမှ နိုင်ငံတော် အချုပ်အိမ်စံ
တပင်တိုင် အတိုက်ခံသမားကြီး ဒေါ်အောင်ဆန်းစုကြည်နှင့်သွားတွေ့သည်။
ဒေါ်အောင်ဆန်းစုကြည်အား
ဒေါသလျော့ဖို့နှင့် ဥာဏ်ကျယ်ကျယ်ဖြင့်စဉ်းစားဖို့ ဂျင်ဝက်က တိုက်တွန်းသည်။ ဒေါ်အောင်ဆန်းစုကြည်အား
ဥပဒေဘောင်အတွင်းထဲမှ နိုင်ငံရေးနှင့် မိမိယုံကြည်ချက်ကို လုပ်ကိုင်ရန် ဂျင်ဝက်က မေတ္တာရပ်ခံသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျင်ဝက်တို့ ဆွေးနွေးပွဲ အခြေတော်တော်မလှပဲ ရုတ်သိမ်းခဲ့ရသည်။
(အမေရိကန်သံရုံးမ
ှ၎င်းနိုင်ငံခြားရေးဌာနသို့ ပေးပို့သော သတင်းအား ၀ီကီလိက ဖေါက်သယ် ပြန်ချခဲ့သည်)။
ဂျင်ဝက်
ပြန်သွားသောအခါ တရုတ်သံရုံးမှ နိုင်ငံတော် အေးချမ်းသာယာရေးကောင်စီသို့ တရုတ်ပြည်
မှ
သံစာ တစောင် ပေးပို့သည်။ ၄င်းစာပါအရ ဗိုလ်သန်းရွှေနှင့် အခြားသော စစ်အရာရှိများ ဂျင်ဝက်နှင့်
ဆွေးနွေးထားသောကိစ္စများအား အင်္ဂလိပ်သို့ ဘာသာပြန်အဖြစ် တရုတ်က တောင်းခံခဲ့ သည်။ ထိုအချိန်တွင်
ဗိုလ်သန်းရွှေလုပ်သမျှ ဘောလိုက်မနေသော မင်းအောင်လှိုင်(ယခု ကာချုပ်)မှ အားလုံးတရုတ်ပြည်ဆိုင်ရာ
ကိစ္စများအတွက် လိုလေသေးမရှိလုပ်ပေးသည်။ ထိုအချိန်က ဗိုလ်ချုပ်မြင့်အောင် (ယခု ထောင်ဒဏ်
၁၅နှစ် သာယာဝတီ အကျဉ်းထောင်) က တရုတ်အား မိမိတို့၏ နိုင်ငံတကာ သံတမန်ကိစ္စများ အသိပေးတင်ပြရမည်မှာ
အဓိပ္ပါယ်မရှိကြောင်း ပြောဆိုခဲ့
မှုကြောင့် ဗိုလ်သန်းရွှေမှ မျက်မုန်းကျိုးသွားခဲ့သည်။
ထိုကြောင့်
၂၀၁၁ ခုနှစ်ဖေဖေါ်ဝါ၇ီလတွင် ဗိုလ်ချုပ်မြင်အောင်အား ၄င်း၏ အောက်လက် အရာ၇ှိဖြစ် သူ ယခု
အာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်၏ ညွန်ကြားမှုအောက်တွင်
တာဝန်ထမ်းဆောင်၇န် ဗိုလ်သန်းရွှေမှညွန်ကြားမှုအား လက်မခံနိုင်ဖြစ်ပြီး ဆင်ခြေပေးထောက်ပြ
မိရာမှ
ထောင်နန်းစံသူအဖြစ်သို့ပို့ဆောင်ခံခဲ့ရ၏။ အကြောင်းမှာ ဗိုလ်ချုပ်မြင်အောင်သည် တရုတ်ပြည်အား
မြန်မာ အစိုရမှ အလုံးစုံကြောက်၇ွံ့မှီခိုအားထားနေမှုအား တပ်မှူးများ၏ အစည်းဝေးအချို့တွင်
မကြာခဏ ထောက်ပြလေ့ရှိသောကြောင့် ဖြစ်သည်ဟု ဆိုပါသည်။
တရုတ်ပြည်မှ
ပိုပြီးယုံကြည်မှုရစေ၇န်နှင့် မိမိအား အကာကွယ်ပေးရန် ဗိုလ်သန်းရွှေအပါဝင် စစ်ဝန်ကြီးများနှင့်
တကွ စီးပွါးရေးလုပ်ငန်း၇ှင် ခရိုနီများဖြင့် စက်တင်ဘာလ (ရ)ရက်နေခင်း ၁၀ နာရီ တွင စိတ်ကောက်တော်မူနေသော
တရုတ်သမ္မတ ဟူချင်တောင်းနှင်ပ တွေ့ဆုံပြီး ၄င်းပြုလုပ်ထားသော ဗျူဟာ များအား အသေးစိတ်
တင်သွင်းခဲ့သည်။ သို့သော် သတင်းဌာနများနှင့် သံတမန်ရပ်ကွက်များ တွင် ကုန်သွယ်ရေးနှင်ပ
ရွေးကောက်ပွဲများအကြောင်းကို သာ ကူညီဆောင်ရွက် လက်တွဲဖို့၇ှိကြောင်း တင်ပြထားခဲ့သည်။
(China lauds 'friendly' Myanmar as junta leader arrives By Dan Martin (AFP) –
Sep 7, 2010) ဆောင်းပါးကို ပြန်လည် ဖတ်ရှု့နိုင်သည်။
တရုတ်နိုင်ငံ
သံတမန်များမှတဆင့် နိုင်ငံတကာသို့ သံချောင်းခေါက်ကာ ဗိုလ်သန်းရွှေတို့၏
ရွှေးကောက်ပွဲ အတွက်
စည်းရုံးပေးခဲ့ကြသည်။ ဗိုလ်သန်းရွှေတို့ကလည်း တရုတ်တို့ဘက်သို့ Lion Share အားလုံးအားပေးသည့်
အနေဖြင့် မြစ်ဆုံရေကာတာနှင့် လက်ပံတောင်းစီမံကိန်းအပါဝင် စီမံကိန်းအကြီးစားပေါင်း ၁၂၄
ခု ပေးခဲ့သည်။ထို့အပြင် မြစ်ဆုံဒေသ လုံခြုံရေးအတွက် တိုင်းရင်းသားလက်နက်ကိုဖြစ်သော
ကချင်တိုင်းရင်းသားများအား အမြစ်လှန်ဖယ်၇ှားရေးကိုပါ ၀န်ခံကတိပြုခဲ့သည်ကို သက်သေအထောက်ထားတိကျစွာ
စာရေးသူထံတွင် လက်ဝယ်ရှိပါသည်။
ထို့အပြင်
၂၀၀၉ ခုနှစ်ကပင် တရုတ်တို့နှင့် သဘောတူခဲ့သော နှစ် ၅၀ ကြာ စာချုပ်ဖြင့် ရခိုင်ကမ်းလွန်ဒေသမှ
ရှည်လျားကွေးကောက်သော ဂစ်ပိုက်လိုင်းကြီး၏ လုံခြုံရေးသည် အလွန်အရေးပါသော အခြေနေသို့
ရောက်ရှိခဲ့ပြီး ၂၀၁၀ ရွှေးကောက်ပွဲ ပြီးဆုံးသွားသည့်နောက် တရုတ်စီးပွားရေးရင်းနှီးမြုပ်နှံမှုအား
ထိကပါးရိကပါး အခြေနေသို့ ရောက်ရှိလာမည်ဖြစ်သော မြစ်ဆုံရေကာတာ ဖြစ်သော အမြင့်ပေ ၄၅၈
ရှိပြီး အလျားပေ ၄၂၉၇ပေးခွဲရှိသည့် ရေကာတာကြီး
အား မြန်မာပြည်သူတရပ်လုံးမှ ကန့်ကွက်
ဆန္ဒပြကြရာမှ သမ္မတ ဦးသိန်းစိန်အနေဖြင့် လူထု ယုံကြည်မှုအား ၄င်းမှ တည်ဆောက်ပြရန်အလို့ဌာ
ခေတ္တရပ်ဆိုင်းရန် ၂၀၁၁ ခုနှစ် စက်တင်ဘာလ
နေခင်း ၁၁ နာ၇ီတွင် ကြေငြာချုက်ထုတ်ခဲ့သည်ကို
တရုတ်ပြည်အစိုးရ အထင်မမှားစေရန် နိုင်ငံခြား
ရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် အား တရုတ်ပြည်သို့
အောက်တိုဘာလ တွင်စေလွှတ်တောင်းပန် ခိုင်းကာ နှစ်သိမ့်မှုလုပ်ခဲ့ရ၏။
ထိုနောက်
ရခိုင်ဒေသ မှ သွယ်တန်းမည်ဆောက်လုပ်နေသော ဂစ်ပိုက်လိုင်းကြီး၏ လုံခြုံရေးအတွက် အောက်လမ်းနည်းဖြင့်
မသမာသော အစီမံများလုပ်ဆောင်ရန် အသေးစိတ်အစီစဉ်များအား တရုတ် သို့ တင်ပြခဲ့ပြီး၊ ရခိုင်ဒေသအတွင်း
မတည်ငြိမ်မှုများအား စတင်အကောင်ထည်ဖေါ်ဆောင်ရွက်ရန် ၀န်ကြီး ဦးအောင်သောင်းတို့ အဖွဲ့မှ
တာဝန်ယူ ဆောင်ရွက်မည့် အစီစဉ်များ စတင်ခဲ့သည်။
အပိုင်း(၂)အား
မနက်ဖြန် မတ်လ ၂၇ ရက်တွင် ဆက်လက်ဖေါ်ပြပါမည်။
ကျေးဇူးတင်ပါသည်
ဂိုလ်ရှယ်လေး
