Monday, June 24, 2013

ဝမ်းမြောက်ဖွယ်ရာ အင်းစိန်သံဃာ့ညီလာခံ နောက်ဆုံးရသတင်း


ဇွန် ၂၇-ရက်နေ့မှာ “အင်းစိန်သံဃာ့ညီလာခံကြီး” ကို ရန်ကုန်၊ အင်းစိန်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ရွာမပရိယတ္တိ စာသင်တိုက်မှာ စုရပ်လုပ်ပြီးညီလာခံအခန်းအနားကိုတော့ အောင်ဆန်းတောရမိုးကုတ်
ရိပ်သာမှာ ကျင်းပမှာ ဖြစ်ပါတယ်။

အင်းစိန်ရွာမ ဆရာတော် အရှင်တိလောကာဘိဝံသ၊ တိပိဋကဆရာတော်များ ဦးဆောင်သည့် “သံဃာ့ညီလာခံကြီး” ဖြစ်ပါတယ်။

ထိုညီလာခံမှာ အခွင့်အရေး ဆုံးရှုံးနေသည့် အမျိုးသမီးများကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ဥပဒေတစ်ရပ် ရေးဆွဲနိုင်ဖို့ကိုလည်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အခြားသော သာသနာရေးရာကိစ္စများကိုလည်း ဆွေးနွေးမှာ ဖြစ်ပါတယ်။

ထိုညီလာခံကြီးသို့ ပြည်နယ်အသီးသီး၊ တိုင်းဒေသကြီးအသီးသီးမှ အထင်ကရဆရာတော်များ တက်ရောက်ကြမည် ဖြစ်ပါတယ်။

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အဓိပတိဆရာတော် သီတဂူဆရာတော်ကြီးလည်း တက်ရောက်၍     သြ၀ါဒများ မိန့်ကြားမည် ဖြစ်ပါသည်။

Ashin Dayweinda