Monday, February 4, 2013

အရူးသိုင်း ကနေတဲ့ အစိုးရ

၂၀၁၃-၂-၎
သမ္မတ ကိုယ်တိုင် တွေ့ ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့  ပြန်လည်ထူထောင်ရေးတွေမှာ အရပ်ဖက်အဖွဲ့ အစည်းတွေ ပါဝင်ကြပါ လို့ ဖိတ်ခေါ်ပြီး သမ္မတ ရုံးဝန်ကြီးတွေကလည်း ထပ်မံဖိတ်ခေါ်       ကာ လူထုအခြေပြု အရပ်ဖက်အဖွဲ့ အစည်းတွေနဲ့  ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ပူးပေါင်းလုပ်ကြဖို့ နဲ့   အခက်အခဲတွေရှိရင် သူတို့ ကိုလာရောက်ပြောပြဖို့ တွေ ရွှန်းရွှန်းဝေနေအောင်ပြောခဲ့တယ် ။
လက်တွေ့ မှာတော့ တကယ်ပဲလူမှုရေးလုပ်နေကြတဲ့ အရပ်ဖက
်အဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းကြရဲ့လား၊   နှောက်ယှက်မှုအမျိုးမျိုးနဲ့ တားဆီးနေတာလားဆိုတာ ဒီဝန်ကြီးသုံးပါးသိမှာပါ အောက်ခြေဆိုတာ အပေါ်ကခိုင်းတာလုပ်ကြတဲ့သူတွေဖြစ်တယ်။ဒီအောက်ခြေ အုပ်ချုပ်ရေးမှူးတွေနဲ့  သေသေချာချာပြော ဆိုကြည့်တဲ့အခါမှာ အထက်က လုပ်ခိုင်းတာပါ သူတို့ ကိုနားလည်ပေးပါလို့ တညီတညွတ်ထဲပြောကြ   တယ်။ဒါဆိုရင် အပြောကောင်းတဲ့ ဦးအောင်မင်းဘာပြောအုံးမှာလည်း။ဥပဒေ တွေကအမျိုးမျိုး လုပ်ထုံးလုပ်နည်းတွေက အများအပြား ဖြစ်ချင်သလိုဖြစ်နေတာကိုရော ဦးစိုးသိန်းသိပါသလား။ မှတ်ပုံတင်အတွက် ၆ ကျပ်ပဲလိုတယ်ဆိုတဲ့ ဦးခင်ရီ သိပါသလား။လူမှုရေး     တွေနဲ့ လူသားချင်းစာနာမှုအကူအညီတွေအတွက် တကယ်လုပ်နေသူတွေကို နိုင်ငံရေးလုပ်နေသူတွေ တိုင်ပြည်သစ္စာဖေါက်သူတွေလို သံသယတွေနဲ့ ဆက်ဆံနေတဲ့အောက်ခြေက အာဏာရှင် သူငယ်နာ မစင်သူတွေကို အရင်မရှင်းပဲ ၊လူထုအခြေပြုအရပ်ဖက်အဖွဲ့ အစည်းတွေကို လူကြားကောင်းအောင် ဟန်ပြ ပြောဆို နေယုံမလုပ်ပဲနဲ့  တတယ်ပဲလူမှုအဖွဲ့ အစည်းတွေ အလုပ်လုပ်နိုင်အောင် အကူအညီ   ပေးအောင်(မကူညီနေရင်တောင် မနှောက်ယှက်ဖို့ ) လူထုဆန့် ကျင်ရေး ဥပဒေတွေ လုပ်ထုံးလုပ်     နည်း ဆိုတာတွေကို အရင်ပြောင်းဖို့ လိုတယ် ။
ဒါမှမဟုတ်ရင်တော့ လူထု လူတန်းစားအဖွဲ့ အစည်းတွေနဲ့ အောက်ခြေက ဗြူရိုကရက် တွေ စားဖို့    ဟောက်ဖို့ ပဲသိတဲ့ အုပ်ချုပ်ရေးမှူးဆိုသူတွေနဲ့  အမြဲတန်းထိပ်တိုက်တွေ့ နေမှာပဲဖြစ်တယ်။
အပြောနဲ့ အလုပ်ညီအောင်လုပ်ပါ အပြောကောင်းတဲ့ ဦးေ
အာင်မင်း မဖြစ်ပါစေနဲ့ ၊ခေတ်ရေစီးကြောင်း ကတော့ အားကောင်းမောင်သန်နဲ့ လာနေပြီ၊အမှိုက်တွေကို တိုက်ချသွားမှာကတော့ သေချာလွန်း   ပါတယ် ။
 
D chit myo