Sunday, February 3, 2013
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ပေးဖို့ ရှေ့နေတွေ တိုက်တွန်း
တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော် တရားစီရင်ရေး ဥပဒေရေးရာ
ကော်မတီ ၊ ရှေ့နေများကွန်ယက် နဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းများကွန်ယက်တို့ ဖေဖော်ဝါရီလ ၂ ရက်နေ့ က
ရန်ကုန်မြို့ UMFCCI ခန်းမမှာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲမှာ ရှေ့နေတွေ တင်ပြလာတဲ့
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြင်ဆင်ဖို့ လိုအပ်နေတဲ့ အချက်အလက်တွေ နောက် ဆန္ဒထုတ်ဖော်သူတွေ
အပေါ် တင်းကျပ်ထားတဲ့ ဥပဒေတွေနဲ့ ပတ်သက်လို့ ပြည်သူ့လွှတ်တော် တရားစီရင်ရေး ဥပဒေရေးရာ
ကော်မတီအနေနဲ့ လွှတ်တော်မှာ တင်ပြဆွေးနွေးသွားဖို့ရှိသလို ၂၀၀၈ ဖွဲ့စည်းပုံပါ ပြင်ဆင်ဖို့လိုအပ်ချက်တွေကို
သေခြာ ပြုစုပေးထားဖို့ နဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ဖို့အတွက် ကြိုးစားပေးသွားမယ်လို့ ဆိုပါတယ်။
Posted by
mya thein