Tuesday, February 5, 2013

တောင်သူလယ်သမားများအကာကွယ်ပေးရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆွေးနွေး




၂၀၁၃-၂-၅
Landesa rural development institute မှ Roy Prosterman (founder and chairman) နှင့်      Darryl Vhugen (Senior Attonery & Land Tenure Specialist) တို့နှင့်အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ရှေ့နေ ဦးကြည်ဝင်း ၊ နှင့်ဦးဥာဏ်ဝင်းတို့သည် ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် အဖွဲ့ချုပ်ရုံး၌ တောင်သူလယ်သမားများ၏ ဥပဒေနှင့်အညီ ရပိုင်ခွင့်များ အကြောင်း   ဆွေးနွေးခဲ့ကြသည်။

ယခုအချိန်ထိ တောင်သူလယ်သမားများ၏ အခွင့်အရေးကို ထိရောက်စွာ ကာကွယ်ပေးသည့် ဥပဒေမျိုးမရှိကြောင်း၊ သီလဝါ ဆိပ်ကမ်းကိစ္စကို သွားရောက်လေ့လာခဲ့ရာတွင် ငွေအနည်းငယ်ပေးရဲ့ အမိန့်ပေးနှင်ထုတ်ခြင်းကိစ္စများရှိနေကြောင်း နှင့် ၎င်းကိစ္စများကိုအခြေခံပြီး တောင်သူလယ်သမားများ  အား ထိရောက်စွာအကူအညီပေးနိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အနေဖြင့် ချမှတ်ထားသင့်   သောမူဝါဒများကို ဆွေးနွေးခဲ့ကြသည်။

ထို့အပြင်လယ်ယာမြေကိစ္စများနှင့်ပတ်သက်ပြီးသတင်းအချက်အလက်များဖလှယ်ရန် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် သုတေသန အဖွဲ့ နှင့် နောက်တစ်ကြိမ်ထပ်မံဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်သည်။
ဆွေးနွေးပွဲအား လာမည့် ကြာသပတေးနေ့ နံနက် (၉) နာရီတွင် အဖွဲ့ချုပ်ရုံး၌ ပြုလုပ်သွားမည်ဖြစ်    သည်။