2013-02-01
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို တပ်မတော် နဲ့အတူ လက်တွဲလုပ်ဆောင်သွားမှာ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
ဒီကနေ့ မနက် ဆိုးလ်မြို့မှာ ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံစဉ်မှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပြီး တိုင်းရင်းသားတွေ အနေနဲ့ အတိတ်ကို ထားခဲ့ပြီး အနာဂတ်ကို ရှေ့ရှု လုပ်ဆောင်ကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသားတွေက မေးမြန်းတာတွေကို ပြန်လည်
ဖြေကြားခဲ့ပါတယ်။
http://www.rfa.org/burmese/news/dassk-army-korea-02012013113455.html