Monday, December 17, 2012

သန္တာ(Coral)ဖောင်ဒေးရှင်း(ယာယီ)ဖွင့်ပွဲအခမ်းအနား

အခမဲ့ပညာပေးဝေခြင်းနှင့် ပညာသင်ထောက်ပံ့ရေးများ ဆောင်ရွက်နိုင်ရန်အတွက် သန္တာ(Coral)ဖောင်ဒေးရှင်း(ယာယီ)ဖွင့်ပွဲအခမ်းအနားကိုရန်ကုန်မြို့၊ ရွှေဂုံတိုင်လမ်းရှိ   တော်ဝင်နှင်းဆီ ငြိမ်းချမ်းခန်းမတွင် ယနေ့နံနက်(၁၀)နာရီခွဲက ကျင်းပခဲ့သည်။အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်၊ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း၊ မင်္ဂလာတောင်ညွန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းတို့ တက်ရောက်ခဲ့သည်။ဖောင်ဒေးရှင်းဥက္ကဌ ဒေါ်သန္တာသန်းက ဖောင်ဒေးရှင်း ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောပြပြီး၊ဖောင်ဒေးရှင်း နာယကတစ်ဦးဖြစ်သူ ပါမောက္ခဒေါက်တာသိန်းမြင့်သူ ကလည်း ဖောင်ဒေးရှင်းတွင် ၀င်ရောက်ပါဝင်ကူညီရခြင်း ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားသွားခဲ့သည်။အခမ်းအနားတွင် သန္တာ(Coral) ဖောင်ဒေးရှင်းမှ ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း၊ဒေါ်ဖြူဖြူသင်း၏ HIV/AIDS SECTION နှင့်အခြားဖောင်ဒေးရှင်း များသို့လည်း အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။