Monday, December 17, 2012

သမဂ္ဂဂျာနယ်မိတ်ဆက်ပွဲ

 ၂၀၁၂-၁၂-၁၇
 အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နာယကဦးတင်ဦး၊ သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်တို့သည် ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာ(၁၅)ရက် ည(၆)နာရီခွဲက ရန်ကုန်မြို့၊Dolphin စားသောက်ဆိုင်တွင် ကျင်းပသော သမဂ္ဂဂျာနယ်မိတ်ဆက်ပွဲသို့ တက်ရောက်ခဲ့သည်။ နာယကကြီးဦးတင်ဦး၊ သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်၊ကိုပြုံးချို၊ကိုဂျင်မီတို့က သမဂ္ဂဆိုသည့် စကား၏လေးနက်ခြင်း အကြောင်းများကို   ပြောဆိုခဲ့သည်။ မိတ်ဆက်ပွဲသို့ တက်ရောက်လာသော ဧည့်သည်များကို အနုပညာရှင်များက   တေးသီချင်းများဖြင့် သီဆိုဧည့်ခံခဲ့သည်။