Thursday, December 27, 2012

ပညာရေးကွန်ရက်ရန်ပုံငွေဂီတပွဲတော်

 2012-12-27
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်(၂)နှစ်ပြည့် ပညာဒါနကျောင်းများရန်ပုံငွေဂီတပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၂ခု၊ဒီဇင်ဘာ(၂၇)ရက်နေ့ မွန်းလွှဲ(၁)နာရီက ရန်ကုန်မြို့၊ပြည်သူ့ရင်ပြင်တွင် ကျင်းပခဲ့သည်။ အခမ်းအနားကို အဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပညာရေးကွန်ရက်များ ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို အဖွင့်အမှာစကားပြောကြားခဲ့သည်။   ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကလည်း အခမ်းအနားတက်ရောက်ခွင့်ရသည့်အတွက် ၀မ်းသာကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက်အလှူရှင်များ၏ အလှူငွေများလှူဒါန်းခြင်း     ကို ဥက္ကဌကလက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ အခမ်းအနားကို အဖွဲ့ချုပ်နာယကဦးတင်ဦး၊ အလုပ်အမှုအဆောင်အဖွဲ့ အတွင်းရေးမှူး ဦဥာဏ်ဝင်း၊ ဦးဟံသာမြင့်၊ အဖွဲ့ဝင် ဒေါ်မေ၀င်းမြင့်တို့တက်ရောက်ခဲ့သည်။ ဂီတပွဲတော်မှာ ဒီဇင်ဘာ(၂၇)၊(၂၈)ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး Sky Net ရုပ်သံမှလည်း တိုက်ရိုက်ထုတ်လွှင့်သွားမည် ဖြစ်သည်။