2012-12-27
ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဖြည့်ဆီးပေးနိုင် မယ့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ရှိတဲ့ သန့်ရှင်းတဲ့ အစိုးရ ဖြစ်လာရေးအတွက် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာလုပ်ငန်းစဉ် တတိယအဆင့်ကို အကောင်အထည်ဖေါ်တော့မှာဖြစ်ကြောင်း သမ္မတကြီး ဦးသိန်းစိန် က ဒီဇင်ဘာလ ၂၆ ရက် နေ့ မှာ ပြောကြားလိုက်ပါတယ်။
ပြည်သူတွေအနေဖြင့်လည်း အစိုးရက လည်းကောင်းတို့ ရဲ့  ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေကို
အကောင်အထည်ဖေါ်မဖေါ် လေ့လာစမ်းသပ်ဖို့ လိုအပ်ပါတယ်။ သမ္မတကြီးပြောတဲ့အတိုင်း လုပ်မလုပ်
အဂတိလိုက်စားမှုတွေကို ဖေါ်ထုတ်ပေးရပါမယ်။ဥပမာ မြို့ နယ်ရုံးတွေမှာ ပြည်သူတွေရဲ့  လိုအပ်ချက်
လုပ်ငန်းဆောင်တာတွေကို တိကျမှန်ကန်မြန်ဆန်စွာ လုပ်ဆောင်ခြင်းရှိမရှိ၊ တရားဥပဒေစိုးမိုးရေးတွင်
အဂတိလိုက်စားမှုများ၊ ရေ၊မီး၊ဂစ်၊ဆက်သွယ်ရေး၊ပြည်ထဲရေး၊ပို့ ဆောင်ရေး၊ဌာနဆိုင်ရာများ၏ မတရား
ငွေကောက်ခံမှုများကို သက်သေအထောက်အထားများနှင့် တိတိကျကျ ဖေါ်ထုတ်ပေးရမည်။
ဖေါ်ထုတ်ရာတွင် (non government society )လို့ ခေါ်တဲ့ အစိုးရမဟုတ်တဲ့ လူမှုအဖွဲ့ အစည်းတွေကို
နည်းပညာအကူအညီတောင်ခံပြီး အထောက်အထားများကို စုဆောင်းကာ တိတိကျကျ ဖြင့် ဖေါ်ထုတ်
ရမည်။ ဥပမာ- အသံဖမ်းယူထားခြင်း၊ဓါတ်ပုံရိုတ်ယူခြင်း၊မည်သူမည်ဝါဖြစ်သည်ကို စုံစမ်းခြင်း၊အကြောင်း
အရာတူသူများစုပေါင်းခြင်းတို့ ကို လုပ်ဆောင်ရမည်။
တိုင်ကြားဖ်ါထုတ်ရာတွင်၊
၁။ သက်ဆိုင်သောဌာနအကြီးအကဲသို့  တိုင်ကြားခြင်း
၂။ အဂတိလိုက်စားမှုဖြင့် ရဲဌာနသို့ တိုင်ကြားခြင်း
၃။ သမ္မတကြီအားလိပ်မှု၍ တိုင်ကြားခြင်း ထိုဌာန၃ ခုနှင့် သက်ဆိုင်ရာများထည့်သွင်းတိုင်ကြားရမည်။
ဖေါ်ထုတ်ရာတွင် (non government society )လို့ ခေါ်တဲ့ အစိုးရမဟုတ်တဲ့ လူမှုအဖွဲ့ အစည်းတွေမှ
အဂတိလိုက်စားမှု ပပျောက်ရေးအတွက် အစိုးရ၀န်ထမ်းတွေ အကျင့်ပျက်ချစားနေတာတွေကို ပြည်သူ များအား ကူညီဆောင်ရွက်ပေးသော လူမှုကွန်ယက်ကိုထားရှိပြီး စိတ်ရောကိုယ်ပါဆောင်ရွက်
ပေးနိုင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ပွင့်လင်း လူမှုကွန်ယက် ၊စသည့်အဖွဲ့ အစည်းများကို
အကူအညီတောင်းခံ၍ ဆောင်ရွက်ရမည်။အစိုးရအနေဖြင့်လည်း မဟာဗျူဟာလုပ်ငန်းစဉ်အောင်မြင်
ဖို့ အတွက် လူမှုအဖွဲ့ အစည်းများကို ကူညီရမည်။
အစိုးရအနေဖြင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ရှိတဲ့ သန့်ရှင်းတဲ့ အစိုးရ ဖြစ်လာရေးအတွက်
ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာလုပ်ငန်းစဉ် ထိထိမိမိကိုင်တွယ်ဖြေရှင်းပေးရမည်။ဘက်လိုက်မှု
မရှိစေရ၊တိုင်ကြားလာသော အမှုများကို တိကျမြန်ဆန်စွာဖြေရှင်းပေးပြီး အဖြစ်ပေးအရေးယူမှုများပြု
လုပ်ရမည်။ဝန်ထမ်းများ အဂတိလိုက်စားမှု တဖြေးဖြေးနှင့် လျှော့နည်းသွားမည်ဖြစ်သည်ဟုယုံကြည်
သည်။
မြသိန်း