Sunday, December 16, 2012

စီးပွားရေးပညာရှင် ပါမောက္ခဦးမော်သန်းက အိမ်ခြံမြေပိုင်ဆိုင်မှုများအား အခွန်ကောက်ရန်လိုအပ်ဟု ပြောကြား

၂၀၁၂-၁၂-၁၆
''အိမ်ခြံမြေပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ရှိရင် အစိုးရအနေနဲ့ 'အခွန်ကောက်သင့်တယ်' လို့ မြင်တယ်။
ဥပမာ အိမ်ခြံမြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး အိမ်တစ်လုံးပိုင်တဲ့အနေအထားကနေ နောက်ထပ်အိမ်
တစ်လုံး ဖြစ်လာပြီဆိုရင် ဒီအပေါ်မှာ အခွန်တိုးပြီး ကောက်သင့်တယ်။ နောက်ပြီး တန်ဖိုးအရလည်း သိန်းတစ်ထောင်အထက် ပိုင်ဆိုင်မှုဆိုရင် ဘယ်လောက်၊ သိန်းတစ်သောင်းအထက် ပိုင်ဆိုင်မှုဆိုရင် ဘယ်လောက်ဆိုပြီး 'property tax' ကို ကောက်သင့်တယ်လို့ မြင်တယ်။ အဲဒါဆို 'အိမ်ခြံမြေဈေးကွက်
မှာ အမြတ်ရလိုမှုနဲ့ ၀င်ရောက်မြှုပ်နှံတာမျိုး' ကို ကာကွယ်ပြီးသား ဖြစ်သွားမယ်။ မူဝါဒတစ်ခုက ဈေးကစားချင်တဲ့သူတွေကို အကာအကွယ်ပေးတဲ့ မူဝါဒ မဖြစ်သင့်ဘူး''

ဟု စီးပွားရေးပညာရှင် ပါမောက္ခဦးမော်သန်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အိမ်ခြံမြေဈေးနှုန်းများ အဆမတန် မြင့်တက်နေမှုက ပြည်ပရင်းနှီးမြှုပ်နှံမှုကို အဟန့်အတားဖြစ်စေကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ကြသည်။