Thursday, August 16, 2012

ဌာနတွင်း မကျေနပ်မှုများကြောင့် DVB သတင်းထောက်များ သပိတ်မှောက်

၂၀၁၂-၈-၁၆
ဌာနတွင်း အုပ်ချုပ်မှုပိုင်းနှင့် စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ ကိစ္စရပ်များကိုသဘောမကျသဖြင့်           လွတ်လပ်သော ဒီမိုကရက်တစ်အသံ သတင်းဌာန၏ မြန်မာနိုင်ငံအခြေစိုက် သတင်းထောက်            များမှ သတင်းတစ်ပုဒ်မျှ ရေးသားရိုက်ကူးခြင်းမရှိဘဲ သပိတ်မှောက်လျှက်ရှိကြောင်းသိရသည်။

““ အုပ်ချုပ်မှုပိုင်းတာဝန်ခန့်အပ်မှုကို အကျေနပ်တာရယ်ဒီမိုကရက်တစ်ဆိုပြီး       ဒီမိုကရေစီမဆန်တာရယ် ပွင့်လင်းမြင်သာမှုမရှိတာရယ်ကြောင့် ခုလိုသပိတ်မှောက်တာပါ”” ဟု အဆိုပါဌာနတွင် သတင်းထောက်အလုပ်လုပ်ကိုင်နေသူတစ်ဦးကပြောသည်။

ယင်းကိစ္စရပ်နှင့်ပတ်သက်၍ DVB ဗဟိုဌာန အော်စလို ရုံးချုပ်သို့ အီးမေးလ်ပို့ထားပြီး ယခု               မွန်းလွဲ ၂ နာရီ မိနစ် ၄၀ အချိန်ထိ ရန်ကုန်မြို့ရှိ DVB သတင်းထောက် အယောက် ၃၀ လုံး ရန်ကုန်ရုံးခွဲတွင်စုစည်းပြီး အစည်းအဝေးပြုလုပ်လျှက်ရှိကြောင်း ၊ သြဂုတ်လ ၁၇ ရက်တွင်                     မန္တလေးမြို့မှ သတင်းထောက်များ ရန်ကုန်သို့လာရောက်မည်ဖြစ်ပြီး အားလုံးသဘောထားကို ရုံးချုပ်သို့ပေးပို့ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။

““ အခု ရုံးချုပ်က DVB ကို ပြန်ကြားရေးဌာနကလူတွေပါခန့်ပြီး လုပ်သွားမယ်လို့ပြောတယ်။     ကျွန်မတို့က ဒါကိုလက်မခံပါဘူး။ ဟိုအရင်တစ်လျှောက်လုံးကတည်းက အခက်အခဲ ဒုက္ခတွေခံပြီး
ဒီအလုပ်ကို လုပ်လာရတာ။ အခု ကျွန်မတို့ အယုံအကြည်မရှိတဲ့ ဌာနနဲ့ပေါင်းပြီးလုပ်မယ်ဆိုရင်           ဒါကို လုံးဝလက်မခံပါဘူး ”” ဟု DVB သတင်းထောက်တစ်ဦးကပြောသည်။

DVB သတင်းဌာနသည် ၂၀၀၇ ခုနှစ် စက်တင်ဘာအရေးအခင်းနောက်ပိုင်း တွင် မြန်မာနိုင်ငံ၌ လူသိများလာသော သတင်းဌာနတစ်ခုဖြစ်သည်။

Popular Myanmar News Journal
  မီဒီယာကို ဖိနှိပ်တာဟာ ဒီမိုကရေစီကို ဖိနှိပ်တာပဲ။ မီဒီယာကို သတ်တာဟာ ဒီမိုကရေစီကို    သတ်တာပဲ။ ဒီမိုကရေစီစနစ်မှာ မီဒီယာလွတ်လပ်ခွင့် ဆိုတာ သိပ်ကိုအရေးကြီးတယ်။