Tuesday, June 19, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ယုံကြည်မှုဆိုင်ရာ ဂုဏ်ထူးဆောင် သံအမတ်ကြီးဆုရရှိ

 ၂၀၁၂-၆-၁၉
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အိုင်ယာလန်နိုင်ငံဒပ်ဗလင်မြို့ကို ရောက်ရှိလာပြီး
 နော်ဝေနိုင်ငံကနေ  ကမ္ဘာကျော် ယူတူး ရော့ခ်တေးဂီတအဖွဲ့ခေါင်းဆောင်ဘိုနိုက ဒေါ်အောင်ဆန်း  စုကြည်ကိုသူ့ကိုယ်ပိုင် ဂျက်လေယာဉ်နဲ့ လာရောက်ကြိုဆိုခဲ့တာပါ။
ကမ္ဘာကျော် ရော့ခ်အဆိုတော် U2 အဖွဲ့ခေါင်းဆောင် ဘိုနိုလည်းတက်ရောက်ခဲ့သလို ဒပ်ဗလင်မြို့မှာ   ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ "Electric Burma" စင်တင်တေးဂီတနဲ့ ဖျော်ဖြေမှာ
 ဖြစ်ပါတယ်။ အဲဒီပွဲကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး အေအိုင်က စီစဉ်ကျင်းပတာဖြစ်ပြီး ပွဲအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၇ နှစ်ပြည့် မွေးနေ့ဆုတောင်းပွဲကို ကျင်းပခဲ့ပါတယ်။
လူ့အခွင့် အရေး လှုပ်ရှားမှုအဖွဲ့ Amnesty International ရဲ့ အမြင့်ဆုံးဆုအဖြစ် ယုံကြည်မှုဆိုင်ရာ ဂုဏ်ထူးဆောင် သံအမတ်ကြီးဆုကို အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့မှာ အခမ်းအနားနဲ့အတူ လက်ခံ ရယူခဲ့ပါတယ်။