Tuesday, June 19, 2012

တိုင်းပြည်အတွက် လူထုတစ်ဦး ဆုံးရှုံးပြီ


၂၀၁၂-၆-၁၉
“လူထု” ဆိုရင် မသိသူ မရှိ။ စာပေ၊ နိုင်ငံနှင့်လူမျိုး၊ အမျိုးဘာသာ သာသနာအတွက်
 ကောင်းကျိုး ရွက်ဆောင်သယ်ပိုးပေးခဲ့သည့် သတင်းစာဆရာကြီး လူထုစိန်ဝင်း
 အသက် (၇၁)နှစ်သည် ၁၇.၆.၂ဝ၁၂ (တနင်္ဂနွေနေ့) ည (၁၁း၃ဝ) 
နာရီအချိန်တွင် ရင်ကြပ်ဝေဒနာဖြင့် SSC ဆေးရုံတွင် ကွယ်လွန်သွားခဲ့ရာ 
၁၈.၆.၂ဝ၁၂ (တနင်္လာနေ့) နံနက် (၁ဝးဝဝ) 
နာရီအချိန်တွင် SSC ဆေးရုံမှ ရေဝေးသုဿန်အအေးခန်းသို့ နာရေးကူညီမှုအသင်း
(ရန်ကုန်)မှ ကူညီဖေးမ ပို့ဆောင်ပေးခဲ့သည်။
          ဈာပနအခမ်းအနားအား ၁၉.၆.၂ဝ၁၂ (အင်္ဂါနေ့) မွန်းလွဲ (၁းဝဝ) နာရီအချိန်တွင်
 ရေဝေးသုဿန်ရှိ ခန်းမဆောင် (၁/ခ)၌ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ 
စီစဉ်ဆောင်ရွက်မည် ဖြစ်ပါသဖြင့် လူထုဦးစိန်ဝင်း အား ခင်မင်လေးစားကြ သည့် နယ်ပယ်အသီးသီးမှ ဆွေမျိုးမိတ်ဆွေ သင်္ဂဟများအားလုံးအတွက်
 အသိပေး နှိုးဆော်အပ်ပါသည်။ (မွန်းလွဲ (၂းဝဝ) 
နာရီအချိန်တွင် မီးသင်္ဂြိုလ်ပါမည်။
မောင်မြန်မာမျိုး(ABMA)