မေလ ၂၇ ရက်၊ ၂၀၁၂ ခုနှစ်- ကျော်သူရမျိုး (YPI )
ယနေ့ နံနက် (၁၀)နာရီက ပြင်ဦးလွင် မြို့အ၀င် ကျောက်တော်ဘုရား၌ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၌ သိမ်းဆည်းခံရသည့် လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ယင်းလယ်မြေပိုင်ရှင်များက ဆုတောင်းဝတ်ပြုခဲ့ကြရာတွင် ဘုရားဂေါပကအဖွဲ့၏ သော့ပိတ်ခြင်း ခံခဲ့ရသည် ဟု သိရသည်။
“ပိတ်မိနေတာ နာရီဝက်လောက်ကြာတော့ နည်းနည်းတော့စိုးရိမ်သွားတယ်။ ဒါပေမဲ့ တောင်သူတွေ အားလုံးက ဖြစ်လာတဲ့ပြသနာတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားခဲ့ကြတယ်”ဟု ၀တ်ပြုဆုတောင်းပွဲတွင် ပါဝင်ခဲ့သော တောင်သူတစ်ဦးကပြောသည်။
အဆိုပါ လယ်သိမ်းခံ လယ်သမားများသည် “သိမ်းဆည်းမြေယာပြန်ပေးပါ”ဟူသော
ခေါင်းစဉ်ပါဝင်သည့် တီရှပ် အကျိင်္ဖြူများ ၀တ်ဆင်၍ ဘုရားရင်ပြင်အား
တပတ်ပတ်ကာ မိနစ်(၂၀)ခန့်ကြာ ၀တ်ပြုဆုတောင်း မှု ပြုလုပ် အပြီး လူစုခွဲကာ
ပြန်အဆင်းတွင် ဘုရားဝင်း၏ တခုတည်းသော သံတံခါးကို ဂေါပက အဖွဲ့မှ ပိတ်ခတ်
ခံရခြင်း ဖြစ်သည်။
“လယ်သိမ်းခံရတဲ့ တောင်သူလယ်သမားတွေ ပူးပေါင်းပြီးဆောင်ရွက်တာပါ။ နိုင်ငံရေး အရောင်းအသွေး ပါတဲ့ ဦးဆောင်အဖွဲ့မရှိပါဘူး” ဟု တောင်သူလယ်သမားအရေး လိုက်လံဆောင်ရွက်ပေးသည့် ဦးအောင်ကျော်ဆန်းက ပြောသည်။
အဆိုပါပိတ်မိနေသောတောင်သူများသည်
ယူဆောင်လာသည့် ဖုန်းဖြင့် ပြင်ဦးလွင်မြို့ထဲရှိ အာဏာ ပိုင်များနှင့်
အခွင့်အရေးလှုပ်ရှားသူများအား ဆက်သွယ် အကြောင်းကြားခဲ့ပြီးနောက်
ပြင်ဦးလွင်မြို့နယ် အထူးသတင်းရဲတပ်ဖွဲ့မှ အရာရှိအချို့နှင့်
အာဏာပိုင်များမှ ရောက်ရှိလာကာ သော့ဖွင့်ပေးခဲ့ပြီး ပါဝင် သူ (၄) ဦးကို
မေးမြန်းရန်အတွက် ဘုရားဂေါပကရုံးသို့ ခေါ်ဆောင်ခဲ့ကြောင်း ခေါ်ဆောင်သွားခြင်း
ခံရသူတဦးဖြစ်သည့် စိမ်းလန်းပြင်ဦးလွင်အဖွဲ့ တောင်သူလယ်သမားကွန်ယက်မှ
ဦးအောင်ကျော်ဆန်း က ပြောသည်။
“ဘယ်အဖွဲ့ကဦးစီးပြီးလုပ်တာလဲ၊ ဘယ်သူတွေပါသေးလဲ၊ နိုင်ငံရေးပါတီတွေရဲ့ သွေးထိုးလှုံ့ဆော်မှု
ကော ပါသေးလာဆိုပြီး အထူးသတင်း ရဲတပ်ဖွဲ့က မေးမြန်းခဲ့တော့ တောင်သူတွေက မိမိဆန္ဒနဲ့ ဆောင်ရွက်တာပါလို့ ပြန်ဖြေခဲ့ကြတယ်”ဟု ၎င်းက YPI သို့ ပြောသည်။
အဆိုပါဘုရားရင်ပြင်တံခါးအား မည်သည့်အကြောင်းကြောင့် သော့ပိတ်ခဲ့ရသည်ကို တောင်သူလယ် သမား များနှင့် ပြင်ဦးလွင်မြို့ရှိ လူ့အခွင့်အရေးလှုပ်ရှားသူများသည် ဘုရားဂေါပကအား သွားရောက် မေးမြန်းရာ တာဝန်ရှိသူများ မရှိသဖြင့်
အကြောင်းပြန်နိုင်ခြင်း မရှိဟု ပြန်လည်ဖြေကြားခဲ့သည်ဟု ဆိုသည်။
ယနေ့ နံနက် (၁၀)နာရီက ပြင်ဦးလွင် မြို့အ၀င် ကျောက်တော်ဘုရား၌ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၌ သိမ်းဆည်းခံရသည့် လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ယင်းလယ်မြေပိုင်ရှင်များက ဆုတောင်းဝတ်ပြုခဲ့ကြရာတွင် ဘုရားဂေါပကအဖွဲ့၏ သော့ပိတ်ခြင်း ခံခဲ့ရသည် ဟု သိရသည်။
“ပိတ်မိနေတာ နာရီဝက်လောက်ကြာတော့ နည်းနည်းတော့စိုးရိမ်သွားတယ်။ ဒါပေမဲ့ တောင်သူတွေ အားလုံးက ဖြစ်လာတဲ့ပြသနာတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားခဲ့ကြတယ်”ဟု ၀တ်ပြုဆုတောင်းပွဲတွင် ပါဝင်ခဲ့သော တောင်သူတစ်ဦးကပြောသည်။
အဆိုပါ လယ်သိမ်းခံ လယ်သမားများသည် “သိမ်းဆည်းမြေယာပြန်ပေးပါ”ဟူသော
“လယ်သိမ်းခံရတဲ့ တောင်သူလယ်သမားတွေ ပူးပေါင်းပြီးဆောင်ရွက်တာပါ။ နိုင်ငံရေး အရောင်းအသွေး ပါတဲ့ ဦးဆောင်အဖွဲ့မရှိပါဘူး” ဟု တောင်သူလယ်သမားအရေး လိုက်လံဆောင်ရွက်ပေးသည့် ဦးအောင်ကျော်ဆန်းက ပြောသည်။
အဆိုပါပိတ်မိနေသောတောင်သူများသည
“ဘယ်အဖွဲ့ကဦးစီးပြီးလုပ်တာလဲ၊ ဘယ်သူတွေပါသေးလဲ၊ နိုင်ငံရေးပါတီတွေရဲ့ သွေးထိုးလှုံ့ဆော်မှု
ကော ပါသေးလာဆိုပြီး အထူးသတင်း ရဲတပ်ဖွဲ့က မေးမြန်းခဲ့တော့ တောင်သူတွေက မိမိဆန္ဒနဲ့ ဆောင်ရွက်တာပါလို့ ပြန်ဖြေခဲ့ကြတယ်”ဟု ၎င်းက YPI သို့ ပြောသည်။
အဆိုပါဘုရားရင်ပြင်တံခါးအား မည်သည့်အကြောင်းကြောင့် သော့ပိတ်ခဲ့ရသည်ကို တောင်သူလယ် သမား များနှင့် ပြင်ဦးလွင်မြို့ရှိ လူ့အခွင့်အရေးလှုပ်ရှားသူများသည်