၂၀၁၂-၅-၂၇
အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းသည် မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်ရာ၌ မြန်မာနိုင်ငံ အပေါ် ကြွေးမြီ ဒေါ်လာသန်း ၅၀၀ ကျော် ရွှေ့ဆိုင်းပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် အိန္ဒိယဘဏ်ရုံးခွဲများ ဖွင့်လှစ် ထားရှိသွားရေး ကိစ္စရပ်များကို အဆိုပြုသွားမည်ဟု သိရှိရသည်။
နယ်စပ်ကုန်သွယ်ရေး ကိတ်စခန်းများဖွင့်လှစ်ရေး၊ မြန်မာနိုင်ငံအတွင်း ထမံသီနှင့် ရွှေဇာယီ ရေအား လျှပ်စစ် စီမံကိန်းများကို တည်ဆောက်ရေး၊ တမူး- ကလေးဝ- ကမ်ဗို လမ်းပေါ်ရှိ တံတား ၇၆ စင်း ပြင်ဆင်မွန်းမံခြင်း မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေး မြှင့်တင်ရန် စသည့် လုပ်ငန်းများ အကောင်
အထည်ဖေါ်ဆောင်ရန် မြန်မာအစိုးရနှင့် နှစ်နိုင်ငံစီပွားရေး စာချုပ်သစ်များချုပ်ဆိုရန် ရည်ရွယ်ထား သည်ဟု သိရှိရသည်။