Sunday, May 27, 2012
ထာဝရ ငြိမ်းချမ်း ၆၇ လက်မှတ်ရေးထိုး တောင်းဆိုပွဲ
ထာဝရ ငြိမ်းချမ်း ၆၇ ဆိုတဲ့ခေါင်းစဉ်နဲ့ Generation Wave (GW) လူငယ်တွေ ဦးဆောင်ပြီး မေလ ၂၅ ရက်နေ့ မနက် ၁၀ နာရီက ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ မြန်မာနိုင်ငံမှာ ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ပေးဖို့ အတွက် သမ္မတဦးသိန်းစိန်ဆီကို လက်မှတ်ရေးထိုး စာတင်ဖို့အတွက်ရည်ရွယ်ပြီး အခမ်းအနားတစ်ခု ပြုလုပ်ခဲ့ ပါတယ်။ အဲဒီလို လက်မှတ်ရေး ထိုးတောင်းဆိုရာမှာ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုဟာအရေးကြီးကြောင်း အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ဆိုသွားပါတယ်။ ဒီအခမ်းအနားကို ကိုမင်းကိုနိုင် ကိုဌေးကြွယ် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့တွေ ၂၀၀၇ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ နိုင်ငံရေးအကျဉ်းသား ဟောင်းတွေ အပြင် ပြည်သူ့လွတ်တော် အမတ် ဦးဇေယျာသော် ၊ ကဗျာဆရာမောင်စိမ်းနီ နဲ့ အဆိုတော် များဖြစ်ကြတဲ့ ကိုဆောင်းဦးလှိုင် အနဂ္ဂ သံသာဝင်းတို့အပါအဝင် လူဦးရေ ၂၀၀ ကျော်လောက် ရောက်လာခဲ့ကြပါတယ်။
Posted by
mya thein