Saturday, May 26, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့ ထောက်ခံမှုအား တနိုင်ငံလုံးအတိုင်းအတာဖြင့် မြင့်တက်လာနေ

၂၀၁၂-၅-၂၅  ကျောက်တံတားမြို့ နယ် NLD ရုံးခန်းဖွင့်ပွဲ ဓါတ်ပုံ AP

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့မေလ 
၂၅ ရက်နေ့ ညနေ၅ နာရီအချိန်ခန့်က ကျောက်တံတားမြို့နယ်ရုံးခန်းဖွင့်ပွဲတွင် တတ်ရောက်အမှာ စကားပြောကြားခဲ့ရာ ပြည်သူများ ထောင်ပေါင်းများစွာ လာရောက်အားပေးခဲ့ကြသည်။ အဖွဲ့ချုပ်နာယကကြီးဦးတင်ဦးမှဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ခုနှစ်ထဲက ပြည်သူကထောက်ခံခဲ့သော( ပြည်သူ့ ပါတီNLD )
သည် အနှစ် ၂၀ ကျော်ခဲ့သော်လည်း  ခေါင်းဆောင်ကြီးများဖြစ်ကြသည့် ဦးတင်ဦး ဦးဝင်းတင်    ဒေါ်အောင်ဆန်းစုကြည်တို့  ၃ဦး၏ ဦးဆောင်မှုသည် ပြည့်သူ့ ပါတီကြီးအဖြစ်တည်ရှိနေပြီး ပြည်သူ၏    ထောက်ခံမှုများ၁၉၉၀ထက်လျော့မကျသွားဘဲ မျိုးဆက်သစ်များ၏ ထောက်ခံမှုများကိုပါပိုမို ရရှိနေသည်ဟုသိရသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူ့ အကျိုးဆောင်ရွက်ခဲ့မှုများနှင့် တိုင်းပြည်ဖွင့်ဖြိုး
တိုးတက်စေချင်သော စေတနာအပြည့်အ၀ဖြင့် စစ်မှန်သော ဒီမိုကရေစီစနစ်ထူထောင်နိုင်ရန် စိတ်ရော
ကိုယ်ပါ အားကြိုးမာန်တက် ဆောင်ရွက်မှုများကို ပြည်သူများကအသိအမှတ်ပြုကာ တနိုင်ငံလုံးရှိပြည်သူ
အများစုက ထောက်ခံအားပေးလျှက်ရှိနေပြီး ၁၉၉၀ ခုနှစ်ထက် ၁၀၀% အောင်မြင်မှုရရှိနေကာ ပြည်သူ
များ၏ ထောက်ခံအားပေးမှုသည် တနေ့ ထက်တနေ့ မြင့်တက်လာနေသည်ကို တွေ့ မြင်ရသည်။