Tuesday, May 22, 2012

ဖယောင်းတိုင်မီးထွန်းခဲ့သည့်နေရာများတွင် ရဲများ ကြိုတင်ရောက်ရှိ

မန္တလေး စွမ်းဟော်တယ်ရှေ့နှင့် ကျုံးအရှေ့
 ရန်ကုန်မြို့ တော်ခန်းမရှေ့ တွင် နေရာယူထားသော လုံခြုံရေးအဖွဲ့ များ

 မန္တလေး စွမ်းဟော်တယ်ရှေ့နှင့် ကျုံးအရှေ့ဘက်ထောင့်တွင် လုံခြုံရေးများ ချထားသည်ကို တွေ့ရစဉ်
၂၂-၀၅-၂၀၁၂
ပြီးခဲ့သော (၂၀၊ ၅၊ ၂၀၁၂) နှင့် (၂၁၊ ၅၊ ၂၀၁၂)ရက်များက ညစဉ် ၇ နာရီမှစတင်ကာ လျှပ်စစ်မီးရရှိရေး ဖယောင်းတိုင်မီးထွန်းလှုပ်ရှားမှုများ ရက်ဆက် ဖြစ်ပွားခဲ့သော နေရာများဖြစ်သည့် မန္တလေး၊ ၂၆ လမ်းနှင့် ၆၆ လမ်း ကျုံးထောင့်၊ ၂၆ လမ်း- စွမ်းနှင့်ဆီဒိုးနားဟိုတယ်ရှေ့၊ ၂၆ လမ်းနှင့် ၆၈ လမ်းထိပ်စသည့် နေရာများတွင် ယနေ့ (၂၂၊ ၅၊ ၂၀၁၂) ညနေ ၅ နာရီကျော်ခန့်၌ ရဲအင်အား ဦးရေ ၅၀ ခန့်က နံပတ်တုတ်ချိတ်ဆွဲလျက် ငါးယောက်တစ်ဖွဲ့စီ ခွဲပြီး ည နာရီမတိုင်မီကြိုတင် စောင့်ကြပ်နေကြ
ကြောင်း CJMyanmar ၏ CJ တစ်ဦးက သတင်းပေးပို့ပါသည်။ ၂၆ လမ်းကိုတော့ ပိတ်ဆို့ မထားကြောင်းသိရသည်။ ရဲစီးကား ပစ်ကပ်နှစ်စီးနှင့် ဆလွန်းကားတစ်စီးကို ၂၆ လမ်းနှင့် ၆၆ လမ်း
ထောင့် မီးပွိုင့်နားတွင် ရပ်ထားလျက်သားလည်း တွေ့ရှိခဲ့ရကြောင်း အဆိုပါ CJ ၏ သတင်းပေးပို့ချက်
အရ သိရှိရပါသည်။

ရန်ကုန်မြို့ ဆူလေဘုရားအနီးတွင် ဆန္ဒပြမည့်သတင်း ထွက်ပေါ်နေ၍ လုံခြုံရေးတင်းကျပ်