Tuesday, May 22, 2012

မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် အလုပ်သမားသမဂ္ဂဖွဲ့စည်းခြင်း


ယနေ့ မေလ ၂၂ ရက် ၂၀၁၂ ခုနှစ်တွင် မြန်မာ-ထိုင်း နယ်စပ် ဘုရားသုံးဆူမြို့တွင် အထည်အလိပ်၊   အ၀တ် အထည်နှင့် သားရေးအလုပ်သမားများသမဂ္ဂ (ဘုရားသုံးဆူဒေသ) (Textile, Garment and    Leather Workers’ Union)  ကို ဖွဲ့စည်းခြင်း အခမ်းအနား တစ်ရပ်ပြုလုပ်ကြောင်း သိရှိရပါသည်။ ၎င်းအခမ်းအနားကို နံက် ၉း၀၀ နာရီ မှ ၁၁း၀၀ နာရီ အထိ ဓမ္မဟေ၀န် ဘုန်းကြီးကျောင်းတွင် ကျင်းပခဲ့ပြီး၊ အဆိုပါအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဘုရားသုံးဆူဒေသ) မှ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ကရင်အမျိုးးသားအစည်းအရုံးမှ တာဝန်ရှိသူများ၊ မွန်ပြည်သစ် ပါတီ မှ တာဝန်ရှိသူများ၊ ပညာတန်ဆောင် အဖွဲ့အစည်းမှ တာဝန်ရှိသူများက တက်ရောက်အမှာ စကားများ ပြောကြားခဲ့ကြပါသည်။ ၎င်းအပြင် အဆိုပါအခမ်းအနားသို့ နိုင်ငံတော်အစိုးရ ဘုရားသုံးဆူဒေသတွင်း တာဝန်ရှိ သူအချို့ တက်ရောက်   လေ့လာသွား ကြောင်းလည်းသိရှိရ ပါသည်။