Sunday, May 27, 2012

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေ မကြာခင်ပေါ်ထွက်လာမည်


မြန်မာနိုင်ငံမှာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပြီး မကြာခင် အချိန်အတောအတွင်းမှာပဲ   နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေလည်း ထွက်ပေါ်လာတော့မှာပါ။ ပြည်ပလုပ်ငန်းရှင် အများစုကတော့ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုများနေတဲ့ အချိန်ထဲမှာပဲ ရင်းနှီးမြှုပ်နှံသူတွေ လိုအပ်နေတဲ့ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ လိုအပ်ချက်တွေလည်း ရှိနေတုန်းပါပဲ။ ဒီအထဲ လျှပ်စစ်မီးရှိမှု၊ ဆက်သွယ်ရေး ကွန်ယက်တွေ ကောင်းမွန်မှု၊ သတင်းအချက်
အလက်တွေ မြန်မြန်စီးဆင်းနိုင်မှုတွေအပြင် စီးပွားရေးလုပ်ငန်းတွေ efficiency ကောင်းကောင်းနဲ့ လည်ပတ်နိုင်တဲ့ ပတ်ဝန်းကျင် ဟုတ်၊ မဟုတ် ဆိုတဲ့အပေါ်မှာလည်း လေ့လာဆန်းစစ်မှုများ ရှိလာသလို လက်ရှိအခြေအနေမှာ အဆင်သင့်မဖြစ် သေးဘူးလို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ အလားတူပါပဲ တယ်လီဖုန်းဆက်သွယ်ရေးကဏ္ဍမှာလည်း ဘယ်လောက်အတိုင်းအတာအထိ စွမ်းအားပြည့် လည်ပတ်နိုင်သလဲဆိုတာနဲ့ လူတိုင်းဖုန်းသုံးစွဲနိုင်မှု ရာခိုင်နှုန်းစတဲ့ အခြေခံအကြောင်း တရားတွေနဲ့ ပတ်သက်ပြီး ဒေသတွင်းနိုင်ငံတွေမှာ မိုဘိုင်းဆက်သွယ်ရေး ကွန်ရက်နဲ့ infrastructure ပိုင်းမှာ အကောင်းဆုံးလို့ပြောနေတဲ့ ဗီယက်နမ်နိုင်ငံရဲ့ မိုဘိုင်းဆက်သွယ်ရေး အခြေအနေကိုပါ တင်ပြချင်တဲ့အတွက် လက်ရှိ မြန်မာနိုင်ငံကို ရောက်ရှိနေသူ ဗီယက်နမ်နိုင်ငံ VMG Media JSC     (Mobile Service Compuy)ဒုတိယဥက္ကဋ္ဌနဲ့ တွေ့ဆုံမေးမြန်းမှုတွေကို ဖော်ပြလိုက်ပါတယ်။EMG