ရန်ကုန် ၊ မေ ၂၂
၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့် ပထမဆုံး လျှောက်ထားခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ပါတီ ဥက္ကဌ ဦးအေးလွင်ကို
လှည်းကူးတရားရုံးမှ ထောင်ဒဏ် နှစ် လ ချမှတ်လိုက်ကြောင်း ယင်းပါတီ၏ညီနောင်ပါတီဖြစ်သည့် ၈၈မျိုးဆက်ကျောင်းသားလူငယ်များပ
“ တာဝန် ၀တ္တရား နှောက်ယှက်မှု ပုဒ်မ ၄၁၆ နဲ့ ဒီနေ့ အမိန့်ချလိုက်တာပါ” ဟု ယနေ့ ညနေပိုင်း ၄ နာရီ ခန့်တွင် ပြောကြားသည်။
၂၀၁၁ ခုနှစ် ဇူလှိုင်လ ၂၆ ရက်နေ့တွင် နေပြည်တော် -ရန်ကုန် အမြန်လမ်းမကြီးပေါ်ရှိ လှည်းကူးတန်ပိုဂိတ်
မှ တာဝန်ရှိ ၀န်ထမ်းများနှင့် အချေတင်စကားများရာမှ ဦးအေးလွင်က အော်ဟစ်ဆဲဆိုခဲ့သည်ကို တရားစွဲ ဆိုခဲ့ခြင်းဖြစ်ပြီး ယနေ့အမိန့်ချလိုက်ခြင်းဖြစ်သည်။