အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သာကေမြို့နယ်ရုံးခန်းဖွင့်ပွဲကို မေလ ၂၃ ရက် ယနေ့ညနေပိုင်းက ကျင်းပခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကဦးတင်ဦး၊ နာယကဦးဝင်းတင်နှင့် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က "ပြည်သူတွေရဲ့ စိတ်ထဲမှာ ဘာရှိသလဲဆိုတာကို လေ့လာဖို့ စိတ်မ၀င်စားတဲ့ နိုင်ငံရေးပါတီဆိုတာ ပြည်သူတွေကို ကိုယ်စားပြု တဲ့ပါတီ ဘယ်တော့မှ မဖြစ်နိုင်ပါဘူးဆိုတာ ကျွန်မပြောချင်ပါတယ်။"ဟု အဆိုပါဖွင့်ပွဲ အခမ်းအနား တွင် ပြည်သူများသို့ မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။