Wednesday, May 23, 2012

ကူညီကြပါ စည်းကမ်းမရှိသူများအား ဆုံးမကြပါ


သို့

အိုးအိမ်ဦးစီးဌာန
ရန်ကုန်တိုင်း

ကျွန်မတို့နေထိုင်သည့် ၇န်ကင်းမြို့နယ် အမှတ်(၅) ရပ်ကွတ် အတွင်းရှိ ရွှေအုန်းပင်အိမ်ယာ (အဟောင်း) တွင် ယခုအခါ ခြံစည်းရိုးများကာခြင်း အမိုးများ အဖီများချခြင်း၊ သတ်မှတ်ထားသည့်နေရာကိုကျော်လွန်
ကာ ခြံစည်းရိုးကာခြင်းများကို ရဲတင်းစွာပြုလုပ်နေကြပါသည်၊ အဆောင်အဦးပြီးဆုံး၍ owner book များပေးစဉ်ကတည်းက စည်းကမ်းချက်များကိုအသေအချာပြောပြပြိး၊ ၀န်ခံ ကတိလက်မှတ်များ ထိုးကာ သတ်မှတ်ထားသည့်အတိုင်းလိုက်နာဆောင်ရွက်နေထိုင် ပါသည့်အကြောင်း ကိုအားလုံးသဘောတူညီ မူ့ဖြစ် ထုတ်ထားပေးခဲ့သည်။
ယခင်က သတ်မှတ်ထားသည့်စည်းကမ်းချက်အတိုင်း လိုက်နာနေ ထိုင်ကြသောလည်း ယခုအခါ လူဟောင်းများကရောင်းချပြီး အသစ်ရောက်ရှိလာသော အိမ်ရှင်အချို့  သည် စည်းကမ်းချက် များဖောက်ဖျတ်ကာ တိုက်နံရံများဖြို၍ပြန်လည်ပြင်ဆင်ခြင်း နောက်ဖေးပြီးဖို ခမ်းများထပ်ချဲခြင်းများ ကိုရဲဝင့်စွာပြုလုပ်နေကြပါသည်၊ ထိုသို့ပြုလုပ်ခြင်းကြောင့် တိုက်များအောက်ခြေ  foundation များအတွတ်စိုးရိမ်ရပါသည်။ ယခင်ကညီညီညွတ်ညွတ် လိုက်နာ၍နေထိုင်ကြသောလည်း ယခုအခါ အသစ်ရောက်ရှိလာသော တိုက် (13)၊ အခန်း ( 02) အိမ်ရှင် မှာစည်ပင်သာယာမှ အငြိမ်းစား ယူထားသောအရာရှိတစ်ဦးဖြစ်ပြီး မည်သူ့ကိုမှ ဂရုမစိုက်ဘူး တိုင်းချင်တဲ့နေရာတိုင်ပါဟု တာဝန်အရ လာပြော သောသူများကို ပြောလွတ်ခဲ့ပါသည်၊ ထိုကဲ့သို့အာဏသုံး၍ သောဆိုခြင်းကြောင်း တဖြည်း
ဖြည်း စည်းကမ်းများဖောက်ဖျတ်ကာ မြေညီထပ်ရှိလူမှာ တော်တော်များများက ၄င်းနည်းတူ ပြုလုပ်   နေကြပါသည်၊ တိုက် (14)၊ အခန်း ( 02) နဲ့ အခြားသောတိုက်အောက်ထပ်များပါ ပြုပ်လုပ်နေကြ   ပြီဖြစ်ပါသည်၊ ဌာနဆိုင်ရာကချမှတ်ထားသောစည်းကမ်းချက်နဲ့ အညီနေထိုင်းခြင်းမပြုဘဲ အစိုးရ အာဏကိုဖောက်ဖျတ်သော ထိုလူကြီးမင်းများကို အမှန်တကယ်ပင် ရပ်ကွတ်လူကြီးများ၊ အိုးအိမ် ဦးစည်းဌာန ကပါမည်သို့မျှအရေးယူ ပြောဆိုခြင်း များမရှိနေကြောင်းကို မြင်တွေနေရသည်မှာ စိတ်ပျတ် စရာကောင်းလှပါသည်၊ ယခုအချိန်တွင်နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး အတွက်ကြိုးစားဆောင်ရွက်နေချိန် ကာလအတွင်းထိုသို့ ပြောဆို၍စည်းကမ်းဖောက်ဖြတ်သော လူကြီးမင်းများကို ရန်ကင်းမြို့နယ် အိုးအိမ်က မပြောနိုင်ရင်တောင် ရန်းကုန်တိုင်း ရှိအိုးအိမ်ဦးစီးဌာနက ပြောနိုင်ပါမည်လော၊ သို့မဟုတ် မည်သူကထို သူများအားစည်းကမ်းရှိ၍ဥပဒေလေးစားသော နိုင်ငံသားများဖြစ်လာအောင် ပြောဆိုဆုံးမနိုင်မည်းလော    .နိုင်ငံတော်အကြီးအကဲများထံ  သို့တိုင်ကြားလျှင် ရမည်လော.....စည်ကမ်းရှိတဲ့ဒီမိုကရေစီနိုင်ငံတော် ကြီးဖြစ်ဖို့ဆိုသည်မှ တစ်နိုင်ငံလုံးပင်မဆိုထားပါနှင့်ယခု ရပ်ကွတ် လိုနေရာ မှာတွင်ဥပဒေမလေးစား မလိုက်နာနိုင်ပါ နိုင်ငံတော်အတွက်လဲရင်လေးစရာဖြစ်ပါသည် ၊ အမြန်ဆုံးအရေးယူဆောင်ရွက်နိုင်
အောင် ၀ိုင်းဝန်းကူညီကြပါ..

ဥပဒေနှင့်အညီနေစေချင်သူရွှေအုန်းပင်အိမ်ယာရှိလူများကိုယ်စား..