Sunday, May 27, 2012

မြန်မာနိုင်ငံလူငယ်များအစည်းအရုံးမှရံပုံငွေဈေးရောင်းပွဲ


၂၀၁၂ မေလ ၂၆ ရက် ညနေ ၆ နာရီက ရန်ကုန်မြို့၊ပုဇွန်တောင်မြို့နယ်၊တောင်လုံးပြန်ရပ်ကွက်တွင်
မြန်မာနိုင်ငံလူငယ်များအစည်းအရုံးမှရံပုံငွေဈေးရောင်းပွဲနှင့် ဖျော်ဖြေရေး အစီအစဉ်များဖြင့် စီစဉ်တင်ဆက်ခဲ့ကြပါတယ်။ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊Generation Wave
နှင့် ၈၈မျိုးဆက်ကျောင်းသားများ ပူးပေါင်းပါဝင်တင်ဆက်ကြပြီး ပုဇွန်တောင်မြို့နယ် NLDပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းလည်းတက်ရောက်အားပေးတာတွေ့ရပါတယ်။




ဂီတမှူး ကိုဝင်းမော် ဦးစီးတဲ့ ရွှေသံစဉ် တေးဂီတအဖွဲ့နဲ့အတူ တေးသံရှင် သျှီ၊အနဂ္ဂ၊သံသာဝင်း၊
ခိုင်မြဲသာ၊ကာကာ တို့ကလည်းတေးသီချင်းများနဲ့ဖျော်ဖြေခဲ့ကြပါတယ်။ပြဇာတ်တိုများ၊သံချပ်များ၊

ဟာသတေးသရုပ်ဖေါ်များနဲ့လည်းတင်ဆက်ခဲ့ကြပါတယ်။၈၈မျိုဆက်ကျောင်းသား   တွေဖျော်ဖြေမှု     အစမှာ ကိုမင်းကိုနိုင်ကဦးဆောင်ပြီး ၈၈တုန်းကဒီမိုကရေစီရေးအတွက်အသက်စွန့်သွားကြတဲ့ ရဟန်းရှင်လူကျောင်းသားပြည်သူတွေအတွက်ရည်စူးတဲ့ ပန်းစည်း နဲ့ လက်ရှိမြန်မာနိုင်ငံအကျဉ်းထောင်တွေထဲမှာကျန်ရှိနေသေးတဲ့ သံတိုင်များနောက်   က နိုင်ငံရေးအကျဉ်းသားတွေအတွက်ရည်စူးတဲ့ ပန်းစည်းတွေကို စင်ပေါ်မှာချပြီးမှသူတို့ရဲ့ဖျော်ဖြေရေး အစီအစဉ်တွေကိုစတင်ခဲ့ပါတယ်။
လက်ရှိပြည်သူတွေရင်ဆိုင်ခံစားနေရတဲ့ မီးပျက်တဲ့ဒုက္ခကိုတင်ပြတဲ့အနေနဲ့ ကိုမင်းကိုနိုင်ကိုယ်တိုင်
စန္ဒယားတီးပြီး သီချင်းတစ်ပုဒ်ဖျော်ဖြေခဲ့ပါတယ်။ ပရိသတ်များကပါ ဖရောင်းတိုင်များထွန်းညှိကိုင်ဆောင် ပြီးပူးပေါင်း