Saturday, May 26, 2012

Asia Masters ဟိုတယ်သင်တန်းကျောင်းမှကြိုဆို ပါတယ်။


Asia Masters
ဟိုတယ်သင်တန်းကျောင်းသည် အရွယ် ရောက်ပြီး မြန်မာလူမျိုးများမှပညာအရည်အချင်း ချို့တဲ့သူ 
 များ၊ တစ်ပိုင်းတစ်စဖြစ်ခဲ့သူများ နှင့်ဘွဲ့ရပြီး အလုပ်အကိုင် ရှာဖွေနေသူများအတွက် လူနေမှုအဆင့်  အတန်းမြင့်မားပြီး၊ ဘ၀တက်လမ်းရှိသည့်အလုပ်အကိုင်များရရှိနိုင်သည့် ပြည်တွင်း/ပြည်ပ ဟိုတယ်ကြီး များ၊စားသောက်ဆိုင်ကြီးများ နှင့် အရောင်းဆိုင်ကြီးများတွင်အလုပ်တစ်ခုရရှိနိုင်ရန် လေ့ကျင့်သင်ကြား   ပေးခြင်း နှင့်အလုပ်အကိုင်ရှာဖွေပေးခြင်းလုပ်ငန်းများကို လုပ်ဆောင်လျှက်ရှိပါသည်။

မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်) ၏သင်တန်းကျောင်းတစ်ခုဖြစ်ပြီး စာတွေ့၊ လက်တွေ့နှင့် လုပ်ငန်းခွင် လက်တွေ့တို့ကိုပါထည့်သွင်းလေ့ကျင့်ပေးသည်။

အလုပ်အကိုင်တစ်ခုရရှိလိုသူများအတွက် အခြေခံကျွမ်းကျင် (၂)လသင်တန်းများကို ဖွင့်လှစ်ပေးထား  သည်။ အခြေခံ ကျွမ်းကျင် (၂) လသင်တန်းပြီးဆုံးပါကမြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ   အသင်း (ရန်ကုန်ဇုန်)မှပေးအပ်သည့် Certificate ကိုရရှိသည်။ အရည်အချင်းပြည့်မီက အလုပ်အကိုင်  တစ်ခုလည်းရရှိနိုင်သည်။ အခြေခံ (၂)လသင်တန်းများ တွင် ဟိုတယ်စားဖိုမှူးသင်တန်း၊ ဟိုတယ်စားပွဲ  ထိုးသင်တန်း၊ဧည့်ကြိုနှင့်လေယာဉ်မယ်သင်တန်း၊ အိပ်ခန်းဆောင် ထိန်းသင်တန်း၊နိုင်ငံတကာ  မုန့်ဖုတ်သင်တန်း၊ ဘားဝန်ထမ်းသင်တန်း၊ အကြောဖြေနှင့်ကျန်းမာရေးသင်တန်း၊ အရောင်း နှင့် 
စာရင်းကိုင်ဝန်ထမ်းသင်တန်း၊ကွန်ပျူတာစာစီစာရိုက်နှင့်ဒီဇိုင်းသင်တန်း၊  Auto CADသင်တန်းတို့  ပါဝင်သည်။

အလုပ်အကိုင်ထဲရောက်ရှိနေပြီး မိမိဘ၀တက်လမ်းအတွက်ဆက်လက်သင်ယူလိုသူများအတွက် အင်္ဂလန်နိုင်ငံ Confe-deration of Tourism andHospitality (CTH) မှ Diploma in Hotel Management သင်တန်းများကိုမြန်မာနိုင်ငံမှာ စတင်တက်ရောက်နိုင်ပါသည်။ ဘာသာရပ် (၁၀) ခုပါဝင်ပြီး၊
သင်တန်းကာလ (၁) နှစ်ကြာမြင့်သည်။ စာမေးပွဲများမှာ တစ်နှစ်ကို (၃)ကြိမ်ရှိပြီး ဇန်န၀ါရီ၊ ဇွန် နှင့် စက်တင်ဘာလများတွင်ကျင်းပသည်။ဒီပလိုမာအောင်မြင်ပြီးပါက Advanced Diploma သင်တန်းကို   လည်းမြန်မာနိုင်ငံတွင်ဆက်လက်တက်ရောက်နိုင်သည်။ နောက်ဆုံးနှစ် Bachelor ဘွဲ့ယူရန်အတွက် အင်္ဂလန်၊ သြစတေးလျှနှင့် အမေရိကန်နိုင်ငံများတွင်ဆက်လက်တက်ရောက်နိုင်သည်။

Asia Masters ဟိုတယ်သင်တန်းကျောင်းသည် အင်္ဂလိပ်ဘာသာစကားနှင့်ကွန်ပျူတာနည်းပညာ   ပြန့်ပွားရေးကို ဆောင် ရွက် နေသည့်သင်တန်းကျောင်းတစ်ခုလည်းဖြစ်သည်။ မြန်မာနိုင်ငံသားများ မည်သူမဆို အင်္ဂလိပ်စကားပြော နိုင်ရန်အတွက် (၂) သင်တန်းများဖြစ်သည့် အဆင့်-၁၊ အဆင့်-၂ နှင့်
အဆင့်-၃ သင်တန်းများကို တက်ရောက်နိုင်သည်။ ကွန်ပျူတာအနေနှင့်အခြေခံကွန်ပျူတာအသုံးပြု နည်းသင်တန်းများနှင့်အင်တာနက်အသုံးပြုနည်းကိုလည်း ဆက်လက် သင်ယူနိုင်သည်။

သင်တန်းတက်ရောက်သူများအတွက် အထူးအစီအစဉ်အနေဖြင့် သက်ဆိုင်ရာလုပ်ငန်းအလိုက် ယူနီဖေါင်းများချုပ် ပေးခြင်း၊ရန်ကုန်မြို့တော်ရှိ ဟိုတယ်ကြီးများနှင့် စားသောက်ဆိုင်ကြီးများကို
လေ့လာရေးခရီးတို့ကို အခမဲ့ ဆောင်ရွက် ပေးသည်။

ဖုန်းနံပါတ် ၀၉၇၃၀၅၀၆၀၃ ၊ ၃၇၉၃၁၁သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။