မူဆယ်(၁၀၅)မိုင်နယ်စပ်ကုန်သွယ်ရေးစခန်းမှမူဆယ်မြို့ဘက်သို့အထွက်ပို့ကုန်ယာဉ်
ရပ်နားစခန်းအ၀င်ဝအားမြင်တွေ့ရပုံ
လားရှိုး-မူဆယ်လမ်းမပေါ်ရှိမူဆယ်မြို့အ၀င်ယာဉ်စစ်ဆေးရေးဂိတ်တစ်နေရာ
(၁၀၅)မိုင်နယ်စပ်ကုန်သွယ်ရေးစခန်းနှင့်မူဆယ်မြို့ကြား(ကျောက်ဖြူ-မူဆယ်-ရွှေလီ)
ရထားလမ်းဖောက်လုပ်နေသည့်လုပ်ငန်းခွင်အားတွေ့ ရစဉ်
ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းပါ မူဆယ်-လားရှိုး ရထားလမ်းပိုင်းကို ၃ နှစ်အတွင်း အပြီးတည်ဆောက်မည်ဟု မြန်မာ-တရုတ် အစိုးရများအကြား ၂၇-၄-၂၀၁၁ နေ့ ကသဘောတူညီလိုက် သည်။ရခိုင်ကမ်းလွန် သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ တင်သွင်းရန်ရည်ရွယ်တည်ဆောက်မည့်
ကျောက်ဖြူ-မူဆယ် ပိုက်လိုင်းတလျှောက် ရထားလမ်းစီမံကိန်း၏ ပထမအဆင့်ဖြစ်သည်။
မြန်မာနိုင်ငံ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် တရုတ်အစိုးရပိုင် China Railway Engineering Corporation အကြား “မူဆယ်-ကျောက်ဖြူ ရထားလမ်းပို့ဆောင်ရေးစနစ် စီမံကိန်း” ဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးပွဲကို နေပြည်တော်၌ ပြုလုပ်ခဲ့ရာ၊ အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေး အဖွဲ့ ဒုဥက္ကဋ္ဌဖြစ်သူ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး တက်ရောက်ခဲ့သည်။
China Railway Engineering Corporation ကုမ္ပဏီ ဥက္ကဋ္ဌ မစ္စတာ Li Chang Jin ဦးဆောင်သည့် အဖွဲ့အပြင် မြန်မာအစိုးရ ပြည်ထောင်စု ဝန်ကြီးများနှင့် ရှေ့နေချုပ်လည်း တက်ရောက်ကြသည်။ လက်ရှိ အစိုးရ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး ဦးသိန်းဆွေနှင့် တရုတ်ကုမ္ပဏီ ကိုယ်စားလှယ် မစ္စတာ Zhao Deyi တို့က စာချုပ်များကို လက်မှတ်ရေးထိုးကြခြင်း ဖြစ်သည်။မူဆယ်-လားရှိုး ရထားလမ်းအရှည် မိုင် ၈ဝ ခန့်၊ တံတား ၄၁ စင်း၊ ဥမင်လိုဏ် ၃၆ ခု၊ ဘူတာ ၇ ခု တည်ဆောက်မည်ဖြစ်ပြီး၊ တည်ဆောက်ချိန် ၃ နှစ် ခန့်မှန်းထားသည်။
မြန်ုမာ-တရုတ် အကျိုးတူစီးပွားရေးလုပ်ငန်းများသည် ရေနံနှင့်ဓါတ်ငွေ့ များကို ပိုက်လိုင်းများဖြင့်သယ်ယူ၍
တရုတ်ပြည်၏ အကျိုးစီးပွား ၈၀%ကိုရယူမည်ဖြစ်ပြီး မြန်မာအစိုးရအနေဖြင့် ၂၀%လောက်သာရရှိမည်။
နိုင်ငံပိုင်မြေများ သယံဇတများကို လက်ညိုးထိုး ရောင်စားပြီး တရုတ်နှင့်ပေါင်းကာ အမြတ်ထုပ်နေကြသော ဗိုလ်ချုပ်များကို တရုပ်ကအကာကွယ်ပေးထားသည်။
အစိုးရသစ်အနေဖြင့် နိုင်ငံတော်ဝင်ငွေဘတ်ချက်စစ်ဆေးရေးကိုလည်း ခါးသည်းစွာငြင်းဆန်ထားသည်။



