Friday, September 2, 2011

ရွှေညဝါဆရာတော် အရှင်ပညာသီဟ၏ တရားပွဲပိတ်ပင်ခံရ



ရွှေညဝါဆရာတော် အရှင်ပညာသီဟ၏ တရားပွဲပိတ်ပင်ခံရခဲ့သည်။ သာသနာရေးဝန်ကြီးဌာနမှ ခွင့်ပြုချက် ရရှိပြီး ဖြစ်သော်လည်း ပြည်ထဲရေးဝန်ကြီးဌာနက ပိတ်ပင်သဖြင့် အစိုးရကို ဝေဖန်လေ့ရှိသော ရွှေညဝါဟု လူသိများသည့် ရန်ကုန် ကြည့်မြင်တိုင် သာဓုပရိယတ္တိ စာသင်တိုက်မှ ဆရာတော် အရှင်ပညာသီဟ၏ တရားပွဲ ပျက်ပြားသွားသည်။

ဆရာတော်ကြီးသည် တိုင်းပြည်နှင့်လူမျိုး ဘာသာ သာဿနာကို အထူးအလေးထားသော ဆရာတော်ကြီး 
ဖြစ်ပြီး ကြည်ညိုလေးစားရသော ဆရာတော်ဖြစ်သည်။ဘာသာ သာဿနာကို မြတ်စွာဘုရား ကိုယ်တိုင်
ဟောကြားခဲ့သော ဖြစ်စဉ်များကို ဥပမာပြ၍ ဒါယကာ ဒါယကာမများ နားလည်လွယ်အောင် တရားတော် များကို ပွင့်ပွင့်လင်းလင်း ထိထိမိမိ ဟောကြားနိုင်သောကြောင့် ပြည်သူများက ဆရာတော်ကြီးအား သဒ္ဒါကြည်ညိုပွားများကြသည်။ ဗုဒ္ဓဘာသာထွန်းကားသော မြန်မာနိုင်ငံတွင် ဘုရားဟောတရားများပါ ပိတ်ပင်ခံနေရသောကြောင့် ဘာသာရေးလွတ်လပ်ခွင့်နှင့် သာဿနာတော်ကြီးပါ ခြိမ်းခြောက်ခံနေရသည်။

ဆရာတော်ကြီး၏ ဥပမာပြ တရားတော်များသည် ထင်ရှားကျော်ကြားလူကြိက်များသောကြောင့် ၃ကြိမ် တိုင်တိုင် ပိတ်ပင်ခြင်းခံရပြီး ခြိမ်းခြောက်မှုများလည်းရှိခဲ့သည်။ ဆရာတော်ကြီးက မည်သို့ ပိတ်ပင်စေကာမှု
 တရားတော်များသည် မြတ်စွာဘုရား ရှိစဉ်အခါက ဟောကြားခဲ့သော တရားတော်များဖြစ်သည့်အတွက် မဆုတ်မနှစ် နောက်မဆုတ်ဘဲ သာဿနာကိုပါ ထိပါးလာမည့်အရေးကို မလိုလားသောကြောင့် ရဲရဲဝံ့ဝံ့ 
ဝေဖန်ပြောဆိုလေ့ရှိသည်။

ထိုကြောင့် မရမ်းကုန်းမြို့နယ်ရှိ သာသနာရေး ဝန်ကြီးဌာနပိုင် ဇမ္ဗူသီရိဗိမာန် အဆောက်အအုံ၌  ကြာသာပတေးနှင့် သောကြာနေ့များတွင် တရားဟောရန် သက်တော် ၄၆ နှစ် (ဝါတော် ၂၇ ဝါရှိ)
ရွှေညဝါဆရာတော်က စီစဉ်ထားခဲ့ရာပြည်ထဲရေး ဝန်ကြီးဌာနက ခွင့်မပြုကြောင်း ပွဲစီစဉ်သူများကို
ပြောကြားလာသည်ဟု အရှင်ပညာသီဟက အမိန့် ရှိသည်။

 အစိုးရ၏ လုပ်ရပ်များသည် 
သမတကြီး၏ မိန့် ခွန်းတွင် ပြောကြားခဲ့သော ခေတ်ပြောင်းနေပြီဖြစ်သည့်အတွက် စနစ်ကိုပါ
ပြောင်းလဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရာတွင် အပြုသဘောဆောင်သည့် လုပ်ငန်းစဉ်များကို ပြုလုပ် ရမည်ဖြစ်သည်။မူလအခွင့်အရေးများကို အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖော်ဆောင်ပေးနိုင်ရေး၊
ဥပဒေများကိုလည်း ခေတ်နှင့်အညီ ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး၊ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်း များနှင့်အညီ စနစ်တကျ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ဟု ဆိုခဲ့သည်။ သတင်းလွတ်လပ်ခွင့်နဲ့  ပြည်သူများရဲ့ အသံ သတင်းမေဒီယာများ၏ ဝေဖန်မှုများကို လက်ခံပါမည်ဟုဆိုသည်။
ထိုသို့ သော သမတကြီး၏ မိန်းခွန်းနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာန၏ လုပ်ရပ်သည် သမတကြီး၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအား အနှောက်အယှက်ဖြစ်စေပြီး အာဏာကို အလွဲသုံးစားပြုပြီး ဝေဖန်သုံးသပ်မှုများကို ဖိနှိမ့်ချုပ်ချယ်သော ခေတ်နောက်ပြန်သည့် အာဏာရှင်စနစ်သို့  အကျိုးသက်ရောက်ရာ ရောက်စေသည်။ အစိုးရသစ်၏ မှုဝါဒနှင့်လမ်းစဉ်ကို ဗဟိုအုပ်ချုပ်ရေးစနစ်က လွှမ်းမိုးနေသည့် သဘောဆောင်သောကြောင့် ခေတ်နှင့်အညီပြုပြင်ပြောင်းလဲမည်ဆို
သော သမတကြီး၏မိန့် ခွန်းသည်နှင့်ဆန့် ကျင်ရာရောက်နေသောကြောင့် ပြည်သူများက အစိုရသစ်၏ ကျိုးစားမှု များကို ယုံကြည်မှုမရှိပေ။အပြောနှင့် အလုပ် လက်တွေ့ မကျသော အစိုးရသစ်၏ အုပ်ချုပ်မှုစနစ်ကိုပြည်သူများက စိတ်ပျက်လာနေပြီး စစ်မှန်သော ဒီမိုကရေစီစနစ်ကို လိုလားနေကြသည်။