Monday, September 12, 2011

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစု
ကြည်နှင့် အမေရိကန်သံတမန် မစ္စတာ ဒဲရစ်မစ်ခ်ျရှဲလ် တို့တွေ့ဆုံ

 အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Mr. Derek Mitchell နှင့် အဖွဲ့သည် စက်တင်ဘာလ (၉)ရက်နေ့ တွင် မြန်မာနိုင်ငံသို့ ရောက်ရှိပြီး အစိုးရတာဝန် ရှိသူများကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံခဲ့သည်။ ၁၁ ရက်နေ့  ယနေ့  ဒေါ်အောင်ဆန်းစုကြည် 
နှင့် သူမ၏ နေအိမ်သို့  လာရောက်တွေ့ဆုံခဲ့သည်။

Mr. Derek Mitchell သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်အဖြစ် သမ္မတ ဘားရက် အိုဘားမားက အဆိုပြုထားသူ တစ်ဦးဖြစ်ပြီး အာရှနှင့်ပစိဖိရေးရာ ဒုတိယလက်ထောက် ကာကွယ်ရေး ဝန်ကြီးလည်းဖြစ်သည်။ နှစ်ဦးနှစ်ဘက် လည်းကောင်းနှင့်တွေ့ ဆုံမှုသည် မူဝါဒရေးရာများနှင့် ဒီမိုကရေးစီအသွင်ပြောင်းရေးတွင် အဓိကကျသော အခန်းကဏ္ဍမှပါဝင်နိုင်သည်ဟု ယူဆသူများရှိနေသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ မနက် ၁၀ နာရီမှ နေ့လည် ၁၂း၂၀ အထိ တွေ့ ဆုံခဲ့သည်ဟုသိရှိရပါသည်။