Wednesday, September 21, 2011

တိုင်းပြည်ကို လက်ညိုးထိုးရောင်းစားသော ဗိုလ်ချုပ်များ(၃ )

တိုင်းပြည်ကို လက်ညိုးထိုးရောင်းစားသော ဗိုလ်ချုပ်များ

တည်ဆောက်ပြီးနေသည့်ရေကာတာများ

တည်ဆောက်ပြီးနေသည့် လျှပ်စစ်တိုင်များ
သယံဇာတပေါ်ကြွယ်ဝသည့် မြန်မာနိုင်ငံ၏
ကျောက်တောင်ကြီးများကို ခွဲယူပြီး တည်ဆောက်ကာ
ပိုလျှံသော ကျောက် သဲ များကို
စီပွားရေးနယ်ချဲ့  တရုတ်ပြည်သို့ သယ်ယူနေသည်။
မြန်မာနိုင်ငံ၏ သဘာဝတောတောင်များ ဖျက်စီးခံနေရ

ဧရာဝတီမြစ် တိမ်ကောလာခြင်းနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက် နေခြင်းကြောင့် ဆည်စီမံကိန်းများး ရပ်ဆိုင်း ရန်အတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း သူများနှင့် ပညာရှင်များက တောင်းဆိုနေကြသည်။
မြစ်ဆုံစီမံကိန်းကို တရုတ်အစိုးရပိုင် လျှပ်စစ်စွမ်းအင် ကုမ္ပဏီကြီးဖြစ်သည့် တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံရေး
ကော်ပိုရေးရှင်း CPI က ရင်းနှီးမြှုပ်နှံကာ ဦးဆောင်တည်ဆောက်နေပြီး၊ မြန်မာနိုင်ငံဘက်မှ အစိုးရပိုင်
မြန်မာ့ လျှပ်စစ်လုပ်ငန်း MEPE၊ ပုဂ္ဂလိက ကုမ္ပဏီဖြစ်သည့် စတီဗင်လောနှင့် မိသားစုပိုင် အေးရှားဝေါလ် ကုမ္ပဏီနှင့် ဖက်စပ်ဆောင်ရွက်နေခြင်း ဖြစ်သည်။
မြစ်ဆုံဆည် စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၃,၆ဝဝ ကုန်ကျစရိတ် ရှိမည်ဖြစ်ပြီး ထွက်ရှိသည့် လျှပ်စစ်ကိုလည်း တရုတ်နိုင်ငံသို့ ရောင်းချကာ တနှစ်လျှင် အမေရိကန်ဒေါ်လာ ၅၅၈ သန်းမှ ၅၉၇ သန်း အထိ ရှိနိုင်သည်ဟု လေ့လာသူများက ခန့်မှန်းထားကြသည်။

မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ ဂျာနယ်များ၏ရေးသားမှုကို နိုင်ငံရေးအရ သွေးရိုးသားရိုးမဟုတ်ကြောင်း
ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ဝင်းက မဇ္ဈိမသတင်းဌာန သို့ ဖြေကြားခဲ့သည်။ ထို့အပြင် ဌာနသို့ လာရောက် လေ့လာသင့်ကြောင်း၊ ဓားဓားချင်း၊တုတ်တုတ်ချင်း
ဖြေရှင်းသင့်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြား ထားသည်။ညွှန်ကြားရေးမှူး ဦးတင်ဝင်းသည်
နိုင်ငံသူ နိုင်ငံသားတို့ ၏ တိုင်းပြည်အတွက် စိတ်ပူပန်၍ ဝေဖန်ပြောဆိုသည်များကို ဓါးဓါးခြင်း ဒုတ် ဒုတ်ခြင်းတုန့် ပြန်မည်ဟုပြေဆိုမှုသည် နိုင်ငံတော် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးအဆင့်နှင့်ထိုက်တန်သူတဦးမဟုတ်ပေ။ နိုင်ငံတော်ကိုယ်စားပြုဆောင်ရွက်နေသူတဦးက
ပြည်သူကို ဆော်ကားလိုက်ခြင်းဖြစ်၍ သက်ဆိုင်ရာ အမျိုးသားလွှတ်တော်မှ တာဝန်ရှိပြီး ပြည်သူများ၏ အကြံအညဏ်နှင့် ဝေဖန်မှုကိုခံယူလိုသော အစိုးရသစ်အနေဖြင့် စင်ကျင်ထုံးတရားမရှိတဲ့ ၀န်ကြီး ဦးဇော်မင်းနှင့် ညွှန်ကြားရေးမှူး ဦးတင်ဝင်တို့ အား ဒီမိုကရေစီနည်းအရ ကြားနားခေါ်ယူစစ်ဆေးဖို့  လိုအပ်ပါသည်။ ပြည်သူများနှင့် လွှတ်တော်အမတ်များကလည်း တာဝန်ရှိသူနှစ်ဦးအား အစိုးရအနေဖြင့်ခေါ်ယူစစ်ဆေးပေးရန် တောင်းဆိုသင့်ပါသည်။ထိုမှသာ ဒီမိုကရေစီ၏ လမ်းစဉ်များ လွှတ်တော်အတွင်းကျယ်ပြန့် လာပြီး စစ်မှန်သောဒီမိုကရေစီသို့  ရောက်ရှိလာမည်ဖြစ်သည်။ 


တရုတ်ပြည်မှ မြစ်ဖျားခံ၍ သျှမ်းပြည်အတွင်းဖြတ်သန်း စီးဆင်းသော ရွှေလီမြစ်ပေါ် လုံကျဲန်းဆည်ဆောက် လုပ်မှု ကြောင့် ရွှေလီမြစ်တလျှောက်ရှိ ပြည်သူများ ဒုက္ခ အခက်အခဲတွေ့နေရကြောင်း ထိုင်းနိုင်ငံအခြေစိုက် သျှမ်းသဘာဝ ပတ်ဝန်းကျင်SPEO အဖွဲ့ကပြောပါသည်။“ဒီရေကာတာကို ဆောက်လုပ်ခြင်းအားဖြင့် (လှေကူးတို့)အလုပ်ကို အသက်မွေးဝမ်းကျောင်းပြုကြတဲ့ ရွာပေါင်း ၂၀မှ လူပေါင်း ၁၆,၀၀၀ကျော် အလွန်ဒုက္ခရောက်ကြတယ်။ လောင်ဂျန်းမြစ်၊ မဲခေါင်မြစ်၊ သံလွင်မြစ် တရုတ်နိုင်ငံအနေနဲ့ ဒီမြစ်တွေအပေါ်မှာ အမှီပြုနေရတဲ့ လူမှုအသိုင်းအ၀န်းတွေအပြင် ကျနော်တို့ တွေအားလုံး မျှဝေပိုင်ဆိုင်ကြတဲ့ ဒီမြစ်တွေရဲ့ ဇီဝပြည့်စုံမှုကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။
သျှမ်းပြည်မြောက်ပိုင်းအတွင်း ရွှေလီရေအားလျှပ်စစ်စီမံကိန်း ရွှေလီ (၂) နှင့်ရွှေလီ (၃) ကို လည်း တရုတ်ကထပ်မံဆောက်လုပ်ဦးမည်ဖြစ်ကြောင်း သိရှိသည်။ နမ့်ခမ်းမြို့နယ် အမှတ် ၁ မန့်တတ် ရွှေလီရေအားလျှပ်စစ်စက်ရုံမှာမူ ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းမှစ၍ ဖွင့်လှစ်အသုံးပြု ခဲ့သော်လည်း ဒေသခံပြည်သူများ အကျိုးခံစားခွင့်သိပ်မရှိလှဟုဆိုသည်။

ယန်စီဟာ ကွန်မြူနစ်ပါတီရဲ့ တရုတ်ပြည်ကို စီးပွားရေးမြှင့်တင်လိုမှုလုပ်ရပ်ဖြစ်တဲ့ မီတာ ၂၅၀၀ကျော် ရှည်တဲ့ ရေကာတာကြီးကြောင့်၊အရှင်လတ်လတ် သွေးကြောဖောက်၊ သွေးစုတ်ခံနေရတယ်။ ယန်ဆီရေကာတာကြောင့် ခဏတာ အကျိုးအမြတ်ရခဲ့ပေမယ့် နောက်ပိုင်း ဒုက္ခလှလှတွေ့တဲ့ အခါမှာ ဘီလျှံပေါင်း ၂.၃ ဘီလျှံ ဆုံးရှုံးခဲ့တယ်။ လူပေါင်း လေးသန်းကျော်၊ ကျွဲနွားကောင်ရေ ၂သန်းနီးပါးနဲ့ လယ်မြေအေက ၉ သန်းကျော် ဒုက္ခအကြီးအကျယ် ရောက်ခဲ့ပါတယ်။တရုတ်နိုင်ငံ ရေကာတာ ၇ ခုကြောင့် မြစ်ချောင်းများတိမ်ကောခဲ့ရသည်။

ကွန်မြူနစ် တရုတ်၏ စီပွားရေးနယ်ချဲ့ မှုသည် နိုင်ငံတော်ကိုယ်စားပြု ရင်းနှီးမြုတ်နှံမှုဖြစ်သောကြောင့် အလုံးအရင်းနှင့် ထုထည်ကြီးမားသောကြောင့် အန္တရယ်ကြီးမားလှပါတယ် တရုတ်ဝက်စိုက်ဓါတ်ပုံတွင် နှစ်တရာတိုင်မှသည်လို့ တရုတ်လိုရေးသားထားပြီး မြန်မာဗိုလ်ချုပ်တွေကတော့
နှစ် ၃၀ လို့ သာပြောဆိုထားပါတယ်။ဧရာဝတီလည်း ဒီအတိုင်းဘဲ တိမ်ကောသွားနိုင်ကာ
တွေးကြည့်ရင် ရင်လေးစရာပါဘဲ။

ဧရာဝတီရေအားလျှပ်စစ် မီဂါဝပ် ၃,၆ဝဝ ထုတ်လွှတ်ပေးနိုင်မည့် “မြစ်ဆုံ ရေကာတာ စီမံကိန်း” အရ မေခမြစ် အပိုင်းတွင် တာ ၅ ခု၊ မလိခမြစ်မှာ ၂ ခု ပိတ်ရမည် ဖြစ်သည်။  တရုတ်က စုစုပေါင်းဆောက်လုပ်မဲ့ ရေကာတာပေါင်း ၅၆ ခုရှိပြီး စီးပွားရေးနယ်ချဲ့ ကွန်မြူနစ် တရုတ်ကို မြန်မာပြည် ကြီးထိုးအပ်နေတာဟာ အန္တရယ်ကြီးလှပါတယ်။ မြန်မာနိုင်ငံရဲ့  စီးပွားရေးလုပ်ငန်းတွေမှာလည်း တရုတ်က စိုးမိုးထားတာကြောင့် တချိန်ချိန်မှာ တရုတ်လက်အောက်ခံဖြစ်သွားနိုင်ပါတယ်။
မြန်မာနိုင်ငံမှာတော့ ဧရာဝတီမြစ်ကြီးအပါအ၀င် မြစ်ပေါင်းများစွာကို တရုတ်ကွန်မြူနစ်ထံ နအဖ ဗိုလ်ချုပ်တွေက ငွေကိုအဓိကထားပြီးရောင်းစားကာ တရုပ်နဲ့  လောစစ်ဟန်ရဲ့ သား စတီပင်လော လက်ထဲအပ်ပြီး အမြတ်ထုတ်ပို့  ဗိုလ်ချုပ်တွေက ကျိုးစားခဲ့ကာ ဒေါ်လာတွေ သန်းနဲ့ ချီပြီးရခဲ့တယ်လို့ 
သိရပါတယ်။ တရုတ်နဲ့  ရေကာတာ လျှပ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မှုတွင် တာဝန်ရှိသူများနှင့် ၀န်ကြီးများ လဒ်ပေးလပ်ယူလုပ်ခဲ့ကြောင်း လျှပ်စစ်ဝန်ကြီးဌာနမှ အထက်တန်းအရာရှိတဦးမှ ကြားသိထားပြီး ထိုကိစ္စများကိုလည်း ဆက်လက်ဖေါ်ထုတ်သွားပါမည်။သယံဇာတကြွယ်ဝလှတဲ့မြန်မာနိုင်ငံကျောက်
တောင်များ သဲမြေများကို ကားကြီးကားငယ်များဖြင့်တရုတ်ပြည်သို့ သယ်ယူနေကြောင်း ဒေသခံများ
ကပြောဆိုပါတယ်။မြန်မာနိုင်ငံအား တရုတ်ကို ဖဲ့ဖဲ့ပြီး ရောင်းစားနေတာ များနေပါပြီ နောက်ဆို ကွန်မြူနစ်
တရုတ်ကြီးက ကျွေးနဲ့ သိမ်းမှာတောင် စိုးရိမ်ရတဲ့အနေအထားပါ။

တိုင်းပြည်ကို ကွန်မြူနစ်လက်ထဲလက်ညိုးထိုးရောင်းစားခဲ့တဲ့ ဗိုလ်ချုပ်တွေကို ထိရောက်စွာအရေးယူဖို့ နဲ့  ဧရာဝတီစီမံကိန်းရပ်တန့် ဖို့ အတွက် နိုင်ငံသားအားလုံးကန့် ကွက်ဖို့ လိုအပ်ပါတယ်။မကန့် ကွက်ခဲ့ရင် မြစ်ကြီးတိမ်ကောပြီး တခြားမြစ်ငယ်များလည်း ဆိုးကျိုးသက်ရောက်မှုရှိလာနိုင်ပြီး သားငါး တိရိစ္ဆာန်နှင့် တောတောင်
ရေမြေ ချောက် ခမ်းပြီး အစာရေစာရှားပါတဲ့ နိုင်ငံအဖြစ်ရောက်ရှိလာနိုင်ပါတယ်။အန္တရယ်ဆိုးကြီးကို ကြိုတင်ကာကွယ် ကြပါရန်နှင့် တာဝန်သိနိုင်ငံသားတိုင်း ကန့် ကွက်ကြရန်နှိုးဆော်အပ်ပါသည်။