Wednesday, September 21, 2011

၂၀၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဌ ဖြစ်ရေး ပြည်သူများ၏အသံနှင့်
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသံကို အလေးထားမည်။

  မြန်မာနိုင်ငံသည် လာမည့် ၂၀၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဌ ဖြစ်ရေး အစိုးရမှ ကြိုးစားနေသည်ဟု ပြော ဆိုလိုက်ပြီး ပြည်သူများ၏အသံ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသံကို အလေးထားပြီး မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ၏ အလှည့်ကျ ဥက္ကဋ္ဌ နေရာ ပေးရေး မပေးရေး ဆုံးဖြတ်မည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ကြောင်း AP သတင်းတပုဒ်တွင် ယနေ့ ရေးသားထားသည်။

အင်ဒိုဝန်ကြီးက လာမည့်လတွင် မြန်မာနိုင်ငံသို့သွားရောက်၍ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေပြောင်း
လဲမှုများကို အကဲဖြတ်ဦးမည်ဟု ဆိုထားသည်။ အင်ဒိုနီးရှားသည် လက်ရှိ အလှည့်ကျ အာဆီယံ ဥက္ကဋ္ဌ တာဝန် ယူထားသည့် နိုင်ငံဖြစ်သည်။
သမ္မတ ဦးသိန်းစိန် အစိုးရက  မြန်မာနိုင်ငံအနေဖြင့် အာဆီယံဥက္ကရာထူးကို လက်ခံလိုကြောင်း ဇူလိုင်လ အတွင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပသော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တွင်  တရားဝင် ထုတ်ဖော် ပြောဆိုခဲ့သည်။ 

အစိုးရအဆက်ဆက် စစ်ဗိုလ်ချုပ်များ ကြီးစိုးသော မြန်မာနိုင်ငံကို အလှည့်ကျ ဥက္ကဋ္ဌတာဝန် ပေးအပ်ခြင်း မပြုရန် တောင်းဆို ဖိအားပေးသူများထဲတွင် အစိုးရအဖွဲ့များ၊ လူ့အခွင့်အရေးအဖွဲ့များလည်း ပါဝင်သည်။ ဒီမိုကရေစီဖော်ဆောင်ရန် နှောင့်နှေးမှု၊ နိုင်ငံရေးသမားများကို ထိန်းသိမ်းထားမှု၊ ဒေသအနှံ့တွင်လုပ်အား
ပေးခိုင်းစေမှုတို့ကို ထောက်ပြပြီး ကန့်ကွက် ဖိအားပေးကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ်  အာဆီယံအသင်း အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်မည့် အခြေအနေနှင့် ကြုံခဲ့ရဖူး သည်။ သို့သော်လည်း နိုင်ငံတကာ ဖိအားများကြောင့် မြန်မာအစိုးရကထိုတာဝန်ကို ပြည်တွင်းရေး
ပြဿနာများကို အကြောင်းပြ၍ ငြင်းပယ်ခဲ့သည်။

ပြည်သူ့ ဆန္ဒကို အလေးထား ဆောင်ရွက်ခြင်းသည် စစ်မှန်သော ဒီမိုကရေစီဖြစ်သည်။ မြန်မာ ဦးသိန်းစိန် အစိုးရသစ်အနေဖြင့် အထူးလေ့လာမှတ်သားသင့်ပေသည်။