Friday, August 26, 2011

ဒီပဲယင်းလုပ်ကြံမှု ကုလသို့ တင်ရန် NLD မှ ပြင်ဆင်နေ

ဒီပဲယင်းဒေသတွင် ဒေါ်အောင်ဆန်းစုကြည် အကြမ်းဖက်တိုက်ခိုက်ခံရမှု၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တရားဝင် ဆက်လက် ရပ်တည်ရေး စသည့် အကြောင်းအရာများ ပါဝင်သော ကုလသမဂ္ဂသို့ ပေးပို့မည့် အစီရင်ခံစာကို ဗုဒ္ဓဟူးနေ့က  ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိ မစ္စတာ သောမတ် အိုဟေး ကင်တားနားကို တင်ပြလိုက်သည်ဟု သိရသည်။ 

၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ မော်တော်ယာဉ်တန်းကို စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် တုတ်၊ ဓား၊ လက်နက်ကိုင် ဆောင်သူများ၏ တိုက်ခိုက်မှုကြောင့် ပါတီဝင် တချို့ 
             သေဆုံးခဲ့ရသည့်အမှုကို အာဏာပိုင်တို့က အရေးယူ ဆောင်ရွက်ခြင်း မပြုသေးပေ။

NLD ပါတီ ဥပဒေ အကြံပေးအဖွဲ့က ရေးသားပြုစုထားသည့် ထိုအစီရင်ခံစာကို အကြမ်းဖက်မှုဖြစ်ပွားပြီး ၈ နှစ်အကြာတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ တင်ပြရန် စီစဉ်နေခြင်း ဖြစ်သည်။