Friday, August 26, 2011

ကုလ အထူး ကိုယ်စားလှယ် လေဆိပ် အင်တာဗျူး တိုက်တွန်းချက်

Tomas Ojea Quintana, U.N. special envoy on human rights in Myanmar, leaves after his news conference in Yangon International Airport August 25, 2011. AP
မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာပြီးနောက် နိုင်ငံရေးအရ တိုးတက်မှုတွေ ရှိလာတယ် ဆိုပေမယ့် လူ့အခွင့်အရေး ချိုးဖောက်တဲ့ ဖြစ်ရပ်တွေ ရှိနေတာကြောင့် အခြေအနေကို စိုးရိမ်နေရဆဲပဲလို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ်စ် ကင်တားနားက ပြောကြားလိုက် ပါတယ်။

မြန်မာနိုင်ငံ ခရီးစဉ်အပြီး ပြန်လည် မထွက်ခွာခင် ရန်ကုန် လေဆိပ်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ ကင်တားနားက အစိုးရ အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်း စစ်ဆေး ဖေါ်ထုတ်ဖို့ တိုက်တွန်းသွားတာပါ။  

အင်းစိန်အကျဉ်းထောင်မှာ နိုင်ငံရေး အကျဉ်းသား တချို့နဲ့ တွေ့ဆုံတုန်းက စစ်ကြောရေး ကာလမှာ ရက်ပေါင်းများစွာ အနှိမ်စက်ခံရတာ ရက်ရက်စက်စက် စစ်ဆေးမေးမြန်းမှုများရှိတယ်လို့  အကျဉ်းသားများ ကပြောဆိုတာကို သိခဲ့ရပါတယ်။

လက်ရှိ မြန်မာပြည်ရဲ့ အခြေအနေဟာ  အလွန်အရေးပါတဲ့အချိန်ကို ရောက်နေပြီး အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေအတွက် အခွင့်အလမ်းတွေ ရှိနေပြီလို့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ ကင်တားနားက
ပြောသွားပါတယ်။