Saturday, August 27, 2011

အမျိုးသားဒီမိုကရေစီအဖွဲကချုပ်မရမ်းကုန်လူငယ်
လုပ်ငန်းအဖွဲ့ ကိုဘမောင် ကင်ဆာရောဂါဖြင့် ကွယ်လွန်

၂၀၁၁-၈-၂၇
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်လုပ်ငန်းများဖော်ဆောင်ရေးမှ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိ မ်းရေး တာဝန်ခံကိုဘမောင် အသက် (၅၁) နှစ်သည် ယနေ့ညနေ (၅)နာရီတွင် ကင်ဆာရောဂါဖြင့် အင်ယား ရိပ်သာလမ်းရှိ နေအိမ်တွင်ကွယ်လွန်သွားပါသည်။
ကိုဘမောင်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံမှစ၍ နိုင်ငံရေးလောကသို့စတင် ၀င်ရောက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲကချုပ်မရမ်းကုန်လူငယ်လုပ်ငန်းအဖွဲ့ ၊ မရမ်းကုန်းမြို့နယ်စည်းရုံးရေး အဖွဲ့၊ ရန်ကုန်တိုင်းလူငယ်အကူအညီပေးရေး အဖွဲ့ နှင့် ဗဟိုလူငယ်လုပ်ငန်းများဖော်ဆောင်ရေးအဖွဲ့တွင်
တာဝန်ထမ်းဆောင်ခဲ့ပြီး အဖွဲ့ချုပ်မှပေးအပ်သည်တာဝန်များ ကို ကျေပွန်စွာထမ်းဆောင်ခဲ့ပါတယ်။

ကိုဘမောင်သည် အဖွဲ့ချုပ်တွင် တာဝန်ထမ်းဆောင်ရင်း ဒီမိုကရေစီလှုပ်ရှားမှုများနှင့် လူမှုရေးလုပ်ငန်းများ လှုပ်ရှားဆောင်ရွက်သောကြောင့်(၃) ကြိမ်တိုင်တိုင် အာဏာပိုင်များ၏ ထိမ်းသိမ်းခြင်းကိုခံခဲ့ရပါတယ်။
မကွယ်လွန်မှီနောက်ဆုံးအချိန်အထိ အဖွဲ့ချုပ်၏ ဗဟိုလူငယ်လုပ်ငန်းများဖော်ဆောင် ရေးတွင် လုံခြုံရေး
နှင့်စည်းကမ်းထိန်းသိမ်းရေး တာဝန်ယူပြီးဒေါ်အောင်ဆန်းစုကြည် ၏လုံခြုံရေးလူငယ် တာဝန်ခံ အဖြစ်ထမ်း
ဆောင်ခဲ့ပါတယ်။ကွယ်လွန်ချိန်တွင် သား(၁)ယောက်၊ သမီး (၃)ယောက်ကျန်ရစ်ခဲ့ပါတယ်။

ကိုဘမောင် ရဲ့ကျမ်းမာရေးအခြေအနေကို ဒေါ်အောင်ဆန်းစုကြည် ဆေးရုံသို့ 
သွားရောက်ပြီး အာပေးစကားများပြောကြားခဲ့ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နဲ့ 
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးများကိုဆောင်ရွက်ခဲ့ပြီး တာဝန်သိပြည်သူတယောက်အနေနဲ့ 
မြန်မာနိုင်ငံ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးရရှိရေး အဖွဲ့ ချုပ်နဲ့ အတူဆောင်ရွက်ခဲ့သူ အနာဂတ်ရဲ့  ကြယ်တပွင့် ကြွေခဲ့ရသည့်အတွက် မိသားစုနှင့်အတူဝမ်းနည်းကြေကွဲရပါကြောင်း ကောင်းရာသုဂတိသို့ 
ရောက်ရှိပါစေလို့  ဆုတောင်းလိုက်ပါတယ်။