ငါ၏ ဘဝ
၁၉၈၈ သြဂုတ်လ ၂၇ရက်
ညည့်ဦးယံအချိန်မှာ
ငါ၏မိခင်ဝမ်းထဲက ထွက်တဲ့အချိန်
ငါစတင်ကြားရသောအသံ
အင်းစိန်ထောင်ထဲမှာ တဒိုင်းဒိုင်းပစ်ခတ်နေသော
သေနတ်သံ။
ငါ၏ဘဝ
ရက်သား၊လသားအရွယ်
ငါကြားနေရသောအသံ
ဒို့အရေးဟု ဟစ်ကြွေးနေသော
ရဟန်းရှင်လူပြည်သူအပေါင်းနဲ့
ကျောင်းသားလူငယ်တွေရဲ့
ကြွေးကြော်သံများ။
ငါ၏ဘဝ
ငယ်စဉ်ကတည်းက ၀တ်ဆင်ခဲ့သော
အင်္ကျီမှာ ခွပ်ဒေါင်းအင်္ကျီ
ငါစီးခဲ့သော နဖူးစီးက
ခွပ်ဒေါင်း နဖူးစီး
ငါ၏မျိုးရိုး ခွပ်ဒေါင်းမျိုးရိုး
ငါ၏စိတ်ဓာတ်
ခွပ်ဒေါင်းစိတ်ဓာတ်
ငါသည်
ဘယ်သော်အခါမှ ပြောင်းလဲသွားမည့်
သူမဟုတ်ချေ။
ဒီငြိမ်းလင်း ( ခန္တီးအကျဉ်းထောင်တွင်နေခဲ့စဉ်က ရေးသားထားသော ကဗျာလေးပါ။ )
၁၉၈၈ သြဂုတ်လ ၂၇ရက်
ညည့်ဦးယံအချိန်မှာ
ငါ၏မိခင်ဝမ်းထဲက ထွက်တဲ့အချိန်
ငါစတင်ကြားရသောအသံ
အင်းစိန်ထောင်ထဲမှာ တဒိုင်းဒိုင်းပစ်ခတ်နေသော
သေနတ်သံ။
ငါ၏ဘဝ
ရက်သား၊လသားအရွယ်
ငါကြားနေရသောအသံ
ဒို့အရေးဟု ဟစ်ကြွေးနေသော
ရဟန်းရှင်လူပြည်သူအပေါင်းနဲ့
ကျောင်းသားလူငယ်တွေရဲ့
ကြွေးကြော်သံများ။
ငါ၏ဘဝ
ငယ်စဉ်ကတည်းက ၀တ်ဆင်ခဲ့သော
အင်္ကျီမှာ ခွပ်ဒေါင်းအင်္ကျီ
ငါစီးခဲ့သော နဖူးစီးက
ခွပ်ဒေါင်း နဖူးစီး
ငါ၏မျိုးရိုး ခွပ်ဒေါင်းမျိုးရိုး
ငါ၏စိတ်ဓာတ်
ခွပ်ဒေါင်းစိတ်ဓာတ်
ငါသည်
ဘယ်သော်အခါမှ ပြောင်းလဲသွားမည့်
သူမဟုတ်ချေ။
ဒီငြိမ်းလင်း ( ခန္တီးအကျဉ်းထောင်တွင်နေခဲ့စဉ်က ရေးသားထားသော ကဗျာလေးပါ။ )