မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်
ပြည်ထောင်စု မြန်မာနိုင်ငံတော် သမတ ဦးသိန်းစိန်
မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာသည် ၁၉၆၂ စစ်တပ်မှ အာဏာသိမ်းခဲ့သည့် ဗိုလ်ချုပ်ကြီးနေ၀င်း လက်ထက်မှစခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် စစ်တပ်မှပြန်လည် အာဏာသိမ်းမှုများဖြစ်ပေါ်ခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောမောင်မှ ၁၉၉၀ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပပေးခဲ့ရာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၈၂ %ကျော်ဖြင့် အနိုင်ရခဲ့ပြီး လွတ်လပ်၍
တရားမျှတသော ရွေးကောက်ပွဲ ဖြစ်သည်ဟု ဗိုလ်ချုပ်ကြီးစောမောင်က ကြေညာခဲ့သည်။
တရားမျှတသော ရွေးကောက်ပွဲ ဖြစ်သည်ဟု ဗိုလ်ချုပ်ကြီးစောမောင်က ကြေညာခဲ့သည်။
ထိုရွေးကောက်ပွဲ၏ ရလဒ်ကို အကောင်ထည်ပေါ်ပေးဖို့ နှင့် အာဏာလွှဲပြောင်းပေးရန် အာဏာသိမ်းစစ်တပ်မှာ တာဝန်ရှိသော်လည်း လစ်လှူ့ ရှု့ ခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်များနှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားပြုကော်မတီလည်း ယနေ့ ထိတိုင်ရပ်တည် ဆဲဖြစ်သည်။ မည်သည့် ဥပဒေကြောင်းနှင့်မျှပျက်သိမ်းရန် ဥပဒေကပြထမ်းထားခြင်းမရှိသောကြောင့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ဥပဒေပြထမ်း၍ ရွေးကောက်ပွဲမ၀င်ရင် ဖျက်သိမ်းရန်ကြိုးစားခဲ့ခြင်းဖြစ်သည်။
အသစ်ပြန်လည်ရေးဆွဲသော ဥပဒေများသည် တည်ဆဲဥပဒေများအား နောက်ကြောင်းပြန် အကျိုးသက်
ရောက်မှုမရှိစေရဟု ဥပဒေကဆိုထားသည်။
၁၉၉၀ ရွေးကောက်ပွဲရလဒ်သည် ပြည်သူဆန္ဒဖြင့် လွတ်လပ်စွာ ရွေးချယ်ခဲ့သော ရလဒ်ဖြစ်သောကြောင့်
ပြည်သူတို့ ၏ ပေးအပ်ထားသော တာဝန်များကို ဆောင်ရွက်ရန်တာဝန်များရှိနေသေးသည်။
ထိုသို့ သောပြဿနာများ ၂၀၁၀ ရွေးကောက်ပွဲတွင် မဲလိမ်မဲခိုး ပြဿနာများ။ လွတ်လပ်စွာပြော
ဆိုခွင့် ရေးသားခွင့် သတင်းလွတ်လပ်ခွင့် အဖွဲ့ အစည်းများဖွဲ့ စည်းခွင့် အလုပ်သမားအခွင့်အရေး လူ့ အခွင့်အရေး စီးပွားရေး လူမှုရေး ပညာရေး ကျမ်းမာရေး တိုင်းရင်းသားလူမျိုးစုများ၏ ကိုယ်ပိုင်းအခွင့်အရေးများ တိုင်းရင်းသားလူမျိုးစုများကို မတရားထိုးစစ်ဆင်နေသည့်ကိစ္စ စစ်မက်ဆိုင်ရာ ဂျနီဖာ စာချုပ်ချိုးဖေါက်မှု လူ့ အခွင့်အရေး ချိုးဖေါက်မှု စသည့် များပြားလှသည့် ပြဿနာအားလုံးကို ဖြေရှင်းနိုင်ရန် အခက်အခဲများနှင့်တွေ့ ကြုံနေရသည်ဟု
နေပြည်တော် ကတော်အသိုင်းအ၀ိုင်း သတင်ရပ်ကွက်မှ သိရှိရသည်။သမတ ကိုယ်တိုင်လည်း များပြားလှ သောပြဿနာများကို မည်သို့ ဖြေရှင်းရမည်ကို ခေါင်းချင်းဆိုင်ပြီး ဆွေးနွေးနေကြသည်။ တိုင်းပြည်ကို ကလိမ်ကကျစ်များဖြင့် အုပ်ချုပ်သောအစိုးရ။ပြည်သူ၏ ထောက်ခံမှုကိုမရရှိသော အစိုးရ။
ဒီမိုကရေစီအရ အာဏာသည် ပြည်သူ့ ထံမှမဆင်းသက်သောအစိုးရ။စစ်ယူနီဖေါင်းချွတ်ပြီး အရပ်ဝတ်လဲကာ ပြည်သူကို လှည့်စားသောအစိုးရ။ပြည်သူက ယုံကြည်လေးစားမှု မရှိသောအစိုးရ ပျက်ဆီးရစမြဲဖြစ်သည်။