Friday, July 22, 2011

ASEAN ထိပ်သီးအစည်းအဝေးသို့  တက်ရောက်လာသည့် Hillary Clinton
မြန်မာ့အရေးနှင့် နိုင်ငံရေးအကျဉ်သားလွတ်
မြောက်ရေး တိုက်တွန်း

U.S. Secretary of State Hillary Rodham Clinton, right, is greeted by ASEAN Secretary-General Surin Pitsuwan prior to ASEAN-U.S. Ministerial Meeting in Nusa Dua, Bali, Indonesia,Friday, July 22, 2011.

 22 နေ့  ASEAN ထိပ်သီးအစည်းအဝေး အင်ဒိုနီးရှားသို့  ရောက်ရှိနေသော ဟိလာရီ ကလင်တန်(U.S. Secretary of State Hillary Clinton)သည် အာဆီယံဥပဒေ ပြန်လည်သုံးသပ်မည့်ကိစ္စတွင် မြန်မာနိုင်ငံကို ဖိအားပေးဖို့ တောင်းဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများကို လွတ်ပေးရန် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နှင့်တွေ့ ဆုံဆွေးနွေးရေးလုပ်ရန် အာဆီရန်ထိပ်သီးအစည်းအဝေးမှ အာဆီယံ နိုင်ငံများအတွင်း
ဒေသလုံခြုံရေးအတွက် ငြိမ်းချမ်းရေးက အရေးကြီးကြောင်း အာဆီယံအနေဖြင့် အဓိကအလေးထားဆောင် ရွက်ရန် တာဝန်ရှိသည်ဟု တိုက်တွန်းပြောဆိုခဲ့သည်။  
၂၀၀၉ ခုနှစ် သမတ အိုဘားမား သည် ဗမာနိုင်ငံကို ဆက်လက်ကူညီရန်ဆုံးဖြတ်ထားပြီး အစိုးရသစ်ခေါင်း
ဆောင်းများနှင့်လည်း ဆွေးနွေးရန် ဆောင်ရွက်နေပါသည်။
အစိုးရ အကျဉ်းထောင်များတွင် ဆင်းရဲပင်ပမ်းစွာဖြင့် ထိမ်းသိမ်းခံနေရသော နိုင်ငံရေးအကျဉ်းသား ၂၀၀၀ 
နီးပါး လွတ်မြောက်ရေး ဒီမိုကရေစီအရေးအတွက် ဆောင်ရွက်နေသော ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်း
ရင်းသားအဖွဲ့ အစည်းများတို့ နှင့် မြန်မာအစိုးသစ် တွေ့ ဆုံဆွေးနွေးရေးအကောင်အထည်ဖေါ်ရန်တို့  ကို
အာဆီယံမှဖိအားပေးဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။