AP
မြန်မာနိုင်ငံအတွင်း လည်ပတ်သုံးစွဲခွင့် ပြုထားသော FEC မှာ အမေရိကန်ဒေါ်လာနှင့် တန်းဖိုး ၁၆၀ခန့် ကွာခြား နေကြောင်းဈေးကွက် ကျွမ်းကျင်သူများမှ တဆင့်သိရသည်။ ရွှေဈေးကွက် မှာ ကမ္ဘာ့ရွှေဈေး တည်ငြိမ်မှုကြောင့် စက်တင်ဘာလအတွင်း မြန်မာ့အခေါက်ရွှေ ရန်ကုန်ဈေးမှာ ၆၃၉၀၀၀ကျပ် မန္တလေးဈေးမှာ ၆၃၈၀၀၀ကျပ်ရှိနေခဲ့ ပြီး ရောင်းလိုသူပမာဏက ၀ယ်လိုအား ထက်များနေသောကြောင့် ဒီနှစ်အတွင်း အကျရိပ် သို့ ဦးတည်သွားနိုင်ကြောင်း ကျွမ်းကျင်သူများမှ သုံးသပ်နေကြသည်။
ငွေကြေးအစားထိုး ရင်းနှီးမြုပ်နှံသူများက ရွှေဈေးကွက်မှ ရွှေများကို ထုတ်ရောင်းကာ အိမ်ခြံမြေ ဈေးကွက် အတွင်းသို့ ၀င်ရောက်လာကြပြီ ဖြစ်သည်။ ပို့ကုန် ဈေးကွက်တွင်လည်း FEC ဈေး ရပ်တန့် နေပြီး ပို့ကုန် ရငွေတန်ဖိုး ထိုးကျသွားကာ အရောင်းအ၀ယ် နည်းပါးသွားသောကြောင့် ရင်းနှီးမြုပ်နှံမှု အမာထည်များ အဖြစ် အိမ်ခြံမြေ ဈေးကွက်ဖက်သို့ လှည့်ကာ ရင်းနှီးမြုပ်နှံလာကြခြင်း ဖြစ်သည်။
ယခုကဲ့သို့ ရင်းနှီးမြုပ်နှံမှု အပြောင်းအလဲများသည် ရွေးကောက်ပွဲအပြီး အစိုးရသစ်တက်လာပြီး တိုင်းပြည် မတည်ငြိမ်မှုများကြောင့်(တိုင်းရင်းသားနယ်မြေမတည်ငြိမ်မှု နယ်ခြားကုန်သွယ်မှုများပိတ်ထားခြင်း)စသည့် လုပ်ရပ်များကြောင့် ငွေကြေးမတည်ငြိမ်မှုများရှိခဲ့သည်။ အိမ်မြေခြံ တိုက်ခန်းများ အရောင်းအ၀ယ်ရပ်တန့် 

လျှက်ရှိပြီး ဘဏ်လုပ်ငန်းများတွင် ငွေအိပ်နေပြီး ရောင်းဝယ်လုပ်ငန်းများလည်း နှေးကွေးလျှက်ရှိသည်။
ပြည်ပ ရင်းနှီးမြုပ်နှံမှုများ မ၀င်ရောက်လာသောကြောင့် လုပ်ငန်းရှင်များ အခက်တွေ့ နေပြီး ကြိုတင်ခန့်မှန်း
ရခက်သော မြန်မာ့စီးပွားရေးလုပ်ငန်းသည် နိုင်ငံတကာနှင့်ယှဉ်လျှင် အာမခံချက်မပေးနိုင်သော နိုင်ငံအစိုး ရ၏ ဥပဒေမဲ့လုပ်ရပ်များက မြန်မာ့စီပွားရေးလောကကို ချောက်ခြားစေခဲ့သည်။ အစိုးရသစ်၏ စီးပွားရေးလုပ် ငန်းသည် ဗိုလ်ချုပ်မိသားစု လုပ်ငန်းရှင်စီးပွားရေးဖြစ်သောကြောင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ နည်း ပါးနေသောကြောင့် ပြိုင်ဆိုင်ရောင်းချမှုမရှိသည့်အတွက် ကုန်ဈေးနှုန်းများမြင့်တက်လာနေပြီး စားသုံးသူ
ပြည်သူတဦး၏ ပုံမှန်လစာသည် ၂၀၀၀၀မှ ၃၀၀၀၀ သာရှိပြီး တနေတာအိမ်ထောင်စုတခု၏ အသုံးစားရိတ် သည် ကျပ် ၃၀၀၀မှ ၅၀၀၀နီးပါးကုန်ကျသောကြောင့် ၀င်ငွေနှင့်ထွက်ငွေ မမျှတသောကြောင့် စားဝတ်နေ
ရေးကျပ်တည်းလာနေသည်။စီပွားရေးနှင့် လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှုမရှိသော စစ်ဗိုလ်လူထွက်များက
တိုင်းပြည်ကို ချယ်လှယ်နေသောကြောင့် သယံဇာတ ပေါကြွယ်ဝသော မြန်မာနိုင်ငံသည် အဆင်းရဲဆုံးနိုင်ငံ
အဖြစ်ရောက်ရှိခဲ့ရပြီး ဆင်းရဲမွဲတေမှု တနေ့ ထက်တနေ့  မြင့်တက်လာနေကာ တိုင်းသူပြည်သားများ ဆင်းရဲ ဒုက္ခအမျိုးမျိုးနှင့်ကြုံတွေ့ နေကြရသည်။တခါးဖွင့်စီးပွားရေးစနစ်နှင့် စစ်မှန်သော ဒီမိုကရေစီအစိုးရပေါ်ပေါက် လာမှသာလျှင် တိုင်းပြည်ပြောင်းလဲတိုးတက်မည်ဖြစ်သည်။