(အာဇာနည် သခင် ကိုယ်တော်မှိုင်း ၁၈၇၆-၁၉၆၄)
၂၀ ရာစု မြန်မာပြည် နိုင်ငံရေး သမိုင်းစာမျက်နှာမှာ အထင်ရှားဆုံးဖြစ်တဲ့ နိုင်ငံချစ် ငြိမ်းချမ်း ရေး
သူတော်စင် တစ်ဦး ဖြစ်သော ဆရာကြီး သခင် ကိုယ်တော်မှိုင်း တစ်ယောက် မြန်မာ ပြည်တွင်မွေးဖွား
ခဲ့တာ (၂၃-၃-၂၀၁၁) နေ့ ကဆိုလျင် နှစ်ပေါင်း (၁၃၅) နှစ် ပြည့်မြောက်ခဲ့ပါပြီ။
ငယ်နာမည် မောင်လွမ်းမောင် ခေါ် ဆရာကြီး သခင် ကိုယ်တော်မှိုင်းအား အဖ ဦးစံဒွန်း နဲ့  အမိ ဒေါ်အုန်း
ငယ်နာမည် မောင်လွမ်းမောင် ခေါ် ဆရာကြီး သခင် ကိုယ်တော်မှိုင်းအား အဖ ဦးစံဒွန်း နဲ့  အမိ ဒေါ်အုန်း
တို့ မှ ၁၈၇၆ ခုနှစ် မတ်လ ၂၃ ရက် (ကြာသာပတေး)နေ့ တွင် ရွှေတောင်မြို့ နယ် ၀ါးလယ်ရွာတွင် မွေးဖွား ခဲ့ပါသည်။ မွေးချင်း ၅ ဦးအနက် ဒုတိယ မြောက်ဖြစ်ပါတယ်။ ၁၈၉၇ ခုနှစ်မှာ အစိုးရစစ် ခုနှစ်တန်း ကို ရဟန်းဝတ်စဉ်က ဘွဲ့ အမည် ပဏ္ဍိတဖြင့် မုံရွာမြို့ မှာ ၀င်ရောက်ဖြေဆို အောင်မြင်ခဲ့ပါတယ်။ ၁၈၉၈ ခုနှစ် မှာ မော်လမြိုင်မြို့ ရှိ ‘မြန်မာတိုင်း‘ သတင်းစာ တွင်‘ပဏ္ဍိလေး‘ ကလောင် အမည်ဖြင့် သတင်းစာလောက၊ စာပေလောက သို့ စတင်ဝင်ရောက်ခဲ့ပါတယ်။ ၁၉၀၃ ခုနှစ်မှာ ရန်ကုန်မြို့ ကြည်မြင်တိုင် မြို့ နယ် ငါးကြော်
ဖိုရပ်နေ ဆန်စပါးပွဲစားကြီး ဦးနုနဲ့  ပွဲကတော်ကြီး ဒေါ်နှင်းတို့ ၏ သမီးဖြစ်သူ ဒေါ်ရှင် နှင့် လက်ထပ်ခဲ့ပြီး သားသမီး ၄ ဦး ထွန်းကားခဲ့ပါတယ်။ ၁၉၁၄ ခုနှစ်မှာ‘သူရိယ သတင်းစာ‘ တွင် ‘မစ္စတာ မှိုင်း ‘ ဟူသော ကလောင် အမည်ဖြင့် အုပ်ချူပ်သူ ဗြိတိသျှ ကိုလိုနီ အစိုးရအား အပြင်းအထန်း ဝေဖန်သော ဆောင်းပါး များ ရေးသားခဲ့သောကြောင့် ပြည်သူ၏ လေးစားကိုးကွယ် ယုံကြည်မှုကို စတင်ခံယူခဲ့ပါတယ်။ ၁၉၁၄ ခုနှစ်မှာ ဇနီး ဖြစ်သူ ဒေါ်ရှင် ကွယ်လွန်ခဲ့ပါတယ်။ ၁၉၂၀ ခုနှစ် ပထမကျောင်းသားသပိတ်တိုက်ပွဲ နောက် ပိုင်းပေါ်ပေါက်ခဲ့သော ရန်ကုန် ဗဟန်းမြို့ နယ်ရှိ အမျိုးသားကော်လိပ်တွင် မြန်မာစာနှင့် ရာဇ၀င် ပါမောက္ခ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
၁၉၃၄ ခုနှစ်တွင် ကျင်းပခဲ့သော တို့ ဗမာ အစည်းအရုံး၏ ပထမ အကြိမ် ညီလာခံတွင်‘သခင် ကိုယ်တော် မှိုင်း‘ ဟူသော အမည် ကိုစတင်ယူ ခဲ့ပါတယ်။ ၁၉၃၈ ခုနှစ်ဧပြီလ၂၂ ရက်နေ့ တွင် ပုသိမ်မြို့ ၌‘လွတ်လပ်

ရေးကို လက်ဝါးဖြင့် တောင်းနေရုံ နှင့်မရနိုင် သူပုန်ထရမည်‘ ဟု မြန်မာ့ လွတ်လပ်ရေးအတွက် ပြည်သူ လူထုအား ပထမဆုံးစတင် ကြွေးကြော်တိုက်တွန်း ခဲ့ပါတယ်။ ၁၉၃၉ ခုနှစ် ဇွန်လ ၂၇ ရက် နေ့ တွင်
သဘောထား ကွဲလွဲနေသော အခြားနိုင်ငံရေးအုပ်စုများ၏ စီမံမှုကြောင့် ဧရာဝတီတိုင်း ပုသိမ်ဘူတာ၌ ဆိုက်ကားသမား မောင်သန်းစိန်ရဲ့ တုတ်ဖြင့်ရိုက်နှက်မှုကို ခံခဲ့ရပါတယ်။
၁၉၄၁ ခုနှစ်တွင် မြန်မာနိုင်ငံနဲ့ ပက်သက်ပြီ ဗြိတိသျှ အစိုးရ၏ ရန်သူတော် နံပါတ်(၁) အဖြစ် သတ်မှတ်

ခြင်းခံရပါတယ်။ ဒုတိယ ကမ္ဘာစစ် အပြီ မြန်မာပြည်သို့  ဗြိတိသျှအစိုးရ အုပ်ချူပ်ရေးသမားများ ပြန်လည် ၀င်ရောက်လာချိန်တွင် ဗိုလ်ချူပ်အောင်ဆန်းအား ‘ အောင်ဆန်း၊ မင်း ပင့်လာတဲ့ ဘုရားတွေဘယ်သူပြန်ပို့ 
မှာလဲ‘ ဟု လွတ်လပ်ရေးကို အမြန်ရယူရန် တိုက်တွန်းခဲ့ ပါတယ်။
၁၉၅၀ ခုနှစ် ဇန်န၀ါရီလတွင် အာဏာရ ဖဆပလ အစိုးရအဖွဲ့ က ဆရာကြီးအား‘အလင်္ကာကျော်စွာဘွဲ့ ‘ တံဆိပ် အပ်နှင်း ခဲ့ပါတယ်။ ၁၉၅၂ ခုနှစ်မှ စ၍ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးများကို စတင်ဆောင်ရွက် ခဲ့သောကြောင့် ၁၉၅၅ ခုနှစ် မတ်လတွင် ယခင် ကွန်မြူနစ် ဆိုဗီယက်ပြည်ထောင်စုမှ ပေးအပ်ချီးမြှင့်

သော ‘စတာလင်‘ ငြိမ်းချမ်းရေး ဆု ကို ရရှိခဲ့ပါတယ်။ ၁၉၆၀ ခုနှစ် သြဂုတ်လတွင် ဂျာမဏီ (ယခင် အရှေ့ 
ဂျာမဏီ)နိုင်ငံ ဟမ်းဘတ် တက္ကသိုလ်မှ ဆရာကြီးအား ဂုဏ်ထူးဆောင် ပါရဂူဒေါက်တာဘွဲ့  အပ်နှင်းဂုဏ်ပြု ခဲ့ပါတယ်။ ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့  နံနက်၁ နာရီခွဲ တွင် လူကြီး ရောဂါ ဖြင့် ကွယ်လွန် ခဲ့ပါတယ်။
ဆရာကြီး သခင် ကိုယ်တော်မှိုင်းသည် ၁၉၁၄ ခုနှစ်မှစ၍ ကွယ်လွန်ချိန်အထိ တိုင်းပြည်နှင့် နိုင်ငံသား လူ့ အဖွဲ့ အစည်း အတွက် တာဝန်များစွာကို ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်သလို ပထမ ကျောင်းသားသပိတ် အပြီ ပေါ်ပေါက်ခဲ့သော ကိုယ်ထူကိုယ်ထအမျိုးသားကော်လိပ်မှစ၍ ကျောင်းသားလှုပ်ရှားမှုမှန်သမျှ တို့ တွင် ကျောင်းသားထုဘက်မှ ရပ်တည်ခဲ့သော ‘ဆရာသခင် ကျေးဇူးရှင် ‘ တစ်ဦးလည်းဖြစ်ပါတယ်။

ငြိမ်းချမ်းရေး ဗိသုကာကြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ကွယ်လွန်ခြင်း (၄၇) နှစ်မြောက် ၊ အမှတ်တရ အထိမ်းအမှတ်ပွဲကို စမ်းချောင်းမြို့နယ် ကျွန်းတော ကျောင်းတိုက် မှာ ယနေ့ နံနက် ၈း၃၀ နာရီက ကျင်းပခဲ့ပါတယ်။ စာရေးဆရာသန်းစိုးနိုင်မှ အခမ်းအနားကိုမိတ်ဆက်ပေးပြီး၊၀ါရင့် နိုင်ငံရေးသမားကြီး
များဖြစ်တဲ့ သခင်သိန်းမောင် ၊နိုင်ငွေသိန်း ၊ ဦးလှကွန့် ၊ ဦးဖေအောင်စတဲ့ ပုဂ္ဂိုလ်များ၊ CRPP ဦးအေး သာအောင်၊ ဦးသာဘန်း စသူများ၊ ၈၈ မျိုးဆက်များ၊ ကျောင်းသားသများ~~ခေါင်းဆောင်ဟောင်းများ၊ NLD မှ ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ဝင်များ ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ တပြည့်တပန်း များ ၊ စာပေအနုပညာနယ်ပယ်မှ ပုဂ္ဂိုလ်များ ပရိသတ် ၁၅၀၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၊ဆရာကြီးသခင်ကိုယ်တော်မှိုင်း မကွယ်လွန်မှီက မိန့်ကြားခဲ့သည့်အတိုင်း သူမနာကိုယ်မနာ
စေ့စပ်ဆွေးနွေးရေး ပြည်တွင်းငြိမ်းချမ်းရေး မှုဖြင့် လက်ရှိအမှန်တကယ် ပြည်တွင်းစစ် ချုပ်ငြိမ်းရေး၊ အဓိကလိုအပ်နေတဲ့ကာလ ဖြစ်နေတဲ့အတွက်ဆရာကြီး ဒဂုန်တာရာရဲ့ ပြည်တွင်းငြိမ်းချမ်းရေးကော်မတီဖွဲ့စည်းရေးကိုလည်း အခမ်းအနားတွင် နှိုးဆော်ခဲ့ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး ပန်ကြားလွှာပါ ဆန္ဒပြုလက်မှတ်များကိုလည်း တက်ရောက်သူ ပုဂ္ဂိုလ်များက အားတက်သရော လက်မှတ်ထိုးထောက်ခံ
ခဲ့ကြပါသည်။ ပြည်တွင်းငြိမ်းချမ်းရေး အတွက် လက်တွေ့ဆောက်ရွက်နိုင်ရေးအတွက် ဦးလှကွန့်နဲ့ ဦးဖေအောင်တို့က ရှင်းလင်းပြခဲ့ပြီး ကဗျာဆရာ မောင်စိမ်းနီ ၊မောင်လင်းရိပ်နဲ့ မိုးဦး ဆွေညိမ်းတို့က ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ မဟာလေးချိုးကြီးများကို ရွတ်ဆိုခဲ့ကြပါတယ်။ ကဗျာဆရာ၊ဘာသာပြန်ဆရာ အံ့မောင်ကလည်း ဆရာကြီးရဲ့ကဗျာ များနဲ့ပက်သက်ပြီး ရှင်းလင်းပြခဲ့ ပါသည်။ ပြည်တွင်းငြိမ်းချမ်းရေး ကော်မတီကို မကြာမီ ဖွဲ့စည်းပြီး ဆက်လက်အကောင်အထည်ဖော်
ဆောင်ရွက်သွားမည်ဖြစ်သည်။