Thursday, July 28, 2011

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု
ကြည် နယ်စည်းရုံးရေးခရီးထွက်မည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇူလိုင်လ ပုဂံကို ဘုရားဖူးခရီး သွားပြီးတဲ့ 
နောက် သြဂုတ်လဆန်းမှာ နယ်စည်းရုံးရေးခရီးစဉ် အဖြစ်နဲ့ ပဲခူးဘက်ကို သွားဖို့ စီစဉ်နေတယ်လို့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က ပြောဆိုပါတယ်။ 
၂၀၀၃ ခုနှစ် မေလထဲမှာ ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံးထွက်ခဲ့တဲ့ နယ်စည်းရုံးရေးခရီးစဉ်အတွင်း ဒီပဲယင်းမှာ စစ်အစိုးရကျောထောက်နောက်ခံ ပေးထားတဲ့ သူတွေရဲ့ အတိုက်အခိုက်ခံခဲ့ရပြီး အသက်ဘေး ကသီသီလေး လွတ်မြောက်ခဲ့ရပါတယ်။ 
အခု ပထမဆုံးသွားမယ့် ပဲခူးဘက်နယ်စည်းရုံးရေး ခရီးစဉ်အတွက် ပြည်သူအများက စိတ်ပူနေကြပါတယ်။
၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်းမှာ စစ်အစိုးရကတိုက်ခိုက်ပြီး ၇ နှစ်တိုင်တိုင် နေအိမ်အကျယ်ချုပ် မတရားကျခံခဲ့ရပါတယ်။ လွတ်မြောက် လာခဲ့ပြီးနောက် ပထမဆုံးအဖြစ် နယ်စည်းရုံးရေး ခရီးကို ထွက်ဖို့ အတွက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စီစဉ်နေပြီလို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အစိုးရအဖွဲ့ ပြည်ထဲရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးလှုပ်ရှားမှု
တွေအတွက် သတိပေးခဲ့သလို အစိုးရအာဘော် သတင်းစာတွေထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်ခရီးစဉ်တွေကနေ ငြိမ်းချမ်းရေးကိုထိခိုက်စေနိုင်ကြောင်း ဝေဖန်စာတွေရေးခဲ့ပါတယ်။ 

၂၅ရက်နေ့ တွေ့ ဆုံမှုမှာ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အတွက် အကျိုးရှိမယ့်ရလာဒ်တွေ ရရှိလာ မယ်လို့ မျှော်လင့်ကြောင်း၊ ဘာဘဲလုပ်လုပ်၊ ဘာစကားပဲ ပြောပြော၊ ဘယ်သူနဲ့ပဲ ဖြစ်စေ မိမိတို့ ရည်ရွယ် ချက်ကတော့ တိုင်းပြည်နဲ့ပြည်သူလူထု အကျိုးရှိဖို့ကိုပဲ ရှေးရှုပါတယ်လို့ သတင်းထောက်တွေကို ပြောကြား ခဲ့ပါတယ်။ 

 ဦးအောင်ကြည်က ဒေါ်အောင်ဆန်းစုကြည်နဲ့  ၉ ကြိမ်တွေ့ခဲ့ပြီး အခုတကြိမ်မှာ လက်ဆုတ်လက်ကိုင်ပြနိုင် တဲ့ ရလာဒ်မျိုး ထွက်လာနိုင်ပါသလားလို့ သတင်းထောက် တဦးက မေးမြန်းခဲ့ရမှာ အရင်ကတွေ့ဆုံခဲ့တာ 
တွေကြောင့် အထိုက်အလျောက် အကျိုးကျေးဇူးရှိခဲ့ကြောင်း၊အခု တွေ့ဆုံမှုကနေအရင်ထက်ပိုတဲ့ အကျိုး 
ရလာဒ်တွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဦးအောင်ကြည်က ဖြေကြားခဲ့ပါတယ်။ 
ဒေါ်အောင်ဆန်း စုကြည်နဲ့ နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်မယ့်နည်းလမ်းတွေ ဆွေးနွေးခဲ့တယ်လို့
ဖြေကြားသွားပါတယ်။ 

အစိုးရသစ်၏ နိုင်ငံနှင့်ပြည်သူတို့ ၏ အနာဂတ်ကို ဖေါ်ဆောင်ရာတွင် ရှေ့ သွားနောက်လိုက်မညီမှုတွေ
ကြောင့် ပြည်သူများ ယုံကြည်မှုကင်းမဲ့နေပြီး ပြည်သူ့ တွေအကြား အနာဂတ်မှာ မိမိတို့ မျှော်လင့်နေကြ
သည့် စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်သစ် ဖြစ်လာမည်မဟုတ်ဟု တွက်ဆနေကြသည်။၂၀၀၃ ခုနှစ် 
ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုကြီးလို အစိုရ၏ ဂုဏ်သိက္ခာကျစေမည့် ဥပဒေမဲ့လုပ်ရပ်မျိုး မဖြစ်ပေါ်စေရန်
ယ္ခု အချိန်သည် အစိုးရအနေဖြင့် အထူးဂရုစိုက်ရမည့် အချိန်ဖြစ်ပေသည်။ 
ဒီမိုကရေစီကို လျှောက်လှမ်းမည်ဆိုပါက ဥပဒေစိုးမိုးမှုရှိသည့် အစိုးရတရပ်ဖြစ်လာအောင် ပြည်သူများ အတွက် အာမခံချက်အပြည့်အ၀ရှိသော အခြေခံဥပဒေများအခိုင်အမာ ရေးဆွဲပြထမ်းထားရမည်ဖြစ်သည်။
ဒီမိုကရေစီ၏ မူလအခြေခံဖြစ်သည့် လူ့ အခွင့်အရေး လွတ်လပ်စွာဝေဖန်သုံးသပ်နိုင်ခွင့် သတင်းလွတ် လပ်ခွင့် စာပေလွတ်လပ်ခွင့်များ အပြည့်အ၀ရှိမှသာလျှင် အမှန်တရားကိုဖေါ်ထုတ်နိုင်မည်ဖြစ်သည်။
အစိုးရသစ်အနေဖြင့်လည်း တစတစ ပြုပြင်ပြောင်းလည်းမှုများတိုးတက်လာစေရန် နိုင်ငံရေးပါတီများ ဒီမို ကရေစီအဖွဲ့ အစည်းများ၏ လုပ်ပိုင်ခွင့်များ လွတ်လပ်ခွင့်များကို အကောင်အထည်ဖေါ် ဆောင်ရွက်ပေးရ
မည်ဖြစ်သည်။