၂၀၁၁-၇-၁၄
အမျိုးသား ဒီမိုကေရစီ အဖွဲ့ ချုပ် ဒုတိယ-ဥက္ကဌ ဦးတင်ဦးနှင့် ဗဟိုအလုပ် အမူဆောင် အဖွဲ့ ဝင် ဦးသန်း ထွန်းတို့ သည် ရန်ကုန်မြို့ ခြောက်ထပ်ကြီး ကျောင်းတိုက် သာသနာ့ဂုဏ်ရည်ကျောင်း၊ ကျောင်းထိုင် ဆရာတော် ဘန္တဒ္ဒ ဦးဇဝန (သက်တော်-၇၃၊ ဝါတော် ၅၃ ဝါ) ၏ ဈာပန ကျင်းပမည့် သာသနာ့ဂုဏ်ရည် ကျောင်းသို့  ဇူလိုင်လ ၁၃ရက် မွန်းလွဲ ၃ နာရီက သွားရောက်ခဲ့ပါသည်။
ဆရာတော် ဘုရားသည် သက်တော် ထင်ရှားရှိစဉ်က ကျောင်းသားများနှင့် ဒီမိုကေရစီ အင်အားစုများ နိုင်ငံရေး လှုပ်ရှားမူများကို ကူညီပံ့ပိုးမှုများ အမျိုးမျိုးပေးခဲ့သည်။ ထို့ ကြောင့် ၂၀၀၇ ခုနှစ် သံဃာအရေးတော်ပုံအပြီးတွင် သက်ဆိုင်ရာ အာဏာပိုင်များက သာသနာ့ ဂုဏ်ရည်ကျောင်းကို ချိတ်ပိတ်ပစ်ခဲ့သည်။ ဆရာတော်သည် ကျောင်းတိုက် အနီးရှိ ကျောင်းသင်ခန်း တခုတွင် ခက်ခဲပင်ပန်းစွာ သီတင်းသုံး နေထိုင်ခဲ့ရင်း ဇူလိုင် ၁ဝရက်နေ့ တွင် ၉၆ပါး ဝေဒနာဖြင့် ပျံလွန်တော်မူသွားခဲ့ခြင်း ဖြစ်ပါသည်။